မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံ လာရောက်ဖူးမျှော်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန် နစကဥက္ကဋ္ဌ မှာကြား
PUBLISHED - September 1, 2023
နေပြည်တော်၊ စက်တင်ဘာ ၁
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံ လာရောက်ဖူးမျှော်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ် ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စွမ်း အင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလအဖြစ် အမြဲ တမ်းစည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမပြုဘဲယာယီ စည်းကမ်း သတ်မှတ်ချက်များဖြင့်သာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘုရားဖူးလာပြည်သူများ အသက်သာဆုံးဖြစ်စေရေးနှင့် ဝင်ရောက်သူအား လုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန်နှင့် ဘုရားကြီးဝင်းအတွင်းကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများ ကိုသာထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံသွားရန်လို ကြောင်းဖြင့် မှာကြားသည်။
ဘုရားကြီးဝင်းအတွင်း ကားပါကင်သို့ဝင်ရောက်ရပ်နားမှုနှင့်ပတ်သက်၍ ကိုယ်ပိုင်ယဉ်ငယ်များကို သာဝင် ရောက် ခွင့်ပြုရန်လိုကြောင်း၊ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်း ထားများအတိုင်း ကောက်ခံနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျဖြင့် ဆောင်ရွက်သွား ရန်လိုကြောင်း၊ ယခုဘုရားကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သဖြင့် ရေရှည်ထိန်း သိမ်းစောင့်ရှောက်နိုင်ရန်အတွက် လူအင်အားလိုအပ်ချက်၊ ဘဏ္ဍာရေး ဆိုင်ရာလိုအပ်ချက်များ၊ စီမံခန့်ခွဲမှု လိုအပ်ချက်များကို ရေရှည်အတွက် ယခုသုံးလတာ ကာလတွေ့ကြုံရမှုများ အပေါ်တွက်ချက်၍ စီမံခန့်ခွဲ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်း သား၊ ကျောင်းသူများနှင့် ပြည်ပမှနိုင်ငံခြားသားဧည့်သည်များ နေ့အလိုက် လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိ ရာ စတင်ဖွင့်လှစ်သည့်နေမှ ယခုလ ၃၀ ရက်အထိ ဘုရားဖူးလာ သံဃာတော် ၈၂၄၁ ပါး၊ သီလရှင် ၁၉၉၈ ပါး၊ လူပုဂ္ဂိုလ် ၃၂၇၈၇၁ ဦး၊ စုစုပေါင်း ၃၃၈၁၁၀ ဦး လာရောက်ဖူးမျှော်ကြည်ညိုမှုခဲ့သည်။
#PeopleMedia