• Follow Us on

Home မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ယနေ့မှစ၍ လူဝင်ကြေးအခမဲ့ဖြင့် ဆက်လက်ဝင်ရောက်ဖူးမြော်နိုင်ပြီး ဖုန်း ၁ လုံး ၁၀၀၀ ကျပ် ကောက်ခံမည်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ယနေ့မှစ၍ လူဝင်ကြေးအခမဲ့ဖြင့် ဆက်လက်ဝင်ရောက်ဖူးမြော်နိုင်ပြီး ဖုန်း ၁ လုံး ၁၀၀၀ ကျပ် ကောက်ခံမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ စက်တင်ဘာ ၄ ရက်မှစ၍ လူဝင်ကြေး အခမဲ့ဖြင့် ဆက်လက်ဝင်ရောက် ဖူးမြော်ကြည်ညိုနိုင်ပြီး ဖုန်း ၁ လုံး(ကင်မရာအပါ) ၁၀၀၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူပြည်သူများအား အခမဲ့ဖူးမြော်ကြည်ညိုခွင့်ပြုပေးခဲ့ကာ နေ့စဉ် နိုင်ငံတစ်ဝန်းမှ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားသိုက် မြိုက်လျက်ရှိသည်။

 

စက်တင်ဘာ ၄ ရက်မှစ၍ လာရောက်ဖူးမြော်ကြသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ် တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာ တွင် ကုသိုလ်တော်အဖြစ် ပါဝင်နိုင်ရေးအတွက် ဖော်ပြပါနှုန်းထားများအတိုင်း သတ်မှတ်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

 

လူဝင်ကြေး (အခမဲ့)၊ ဖုန်း ၁ လုံး(ကင်မရာအပါ) ၁၀၀၀ကျပ် (Keypad ဖုန်းများမကောက်ခံပါ)၊ အပျော်ရိုက် ကင်မရာ ၅၀၀၀ကျပ်၊ အလှဓာတ်ပုံရိုက်/ Video (Pre Wedding အပါအဝင်) ၅၀၀၀၀ကျပ်၊ ဥယျာဉ်တော် အတွင်း ယာဉ်ရပ်နားကွင်း ယာဉ်ငယ် ၁ စီး ၂၀၀၀၀ ကျပ်နှင့် အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေး မကောင်းသူများအတွက် Buggy အခမဲ့စီးနင်းနိုင်ရန် စီစဉ်ထားကြောင်းနှင့် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီ အတွင်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post