မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အာဆီယံလေတပ်ဦးစီးချုပ်များ သွားရောက်ဖူးမြော်ကြည်ညို
PUBLISHED - September 14, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၄
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်(၂၀)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များအစည်း အဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဝင်များသည် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူမျှော် ဖူးမြော်ကြည်ညိုခဲ့ပြီး ကျောက်စာရုံစေတီတော်များနှင့် သာသနိက အဆောက်အဦများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။
ယမန်နေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဇနီးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ် ဦးစီးချုပ်များ၏ ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထပ်မံဖူးမြော်ကြည်ညိုခဲ့ပြီး အလှူငွေများ ပေးအပ်လှူ ဒါန်းခဲ့သည်။
ထို့နောက် ကျောက်မျက်ရတနာ ပြတိုက်သို့ သွားရောက်လေ့လာရာ ပြတိုက်တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသခဲ့သည်။ မွန်းလွဲပိုင်းတွင် တည်းခိုရာဟိုတယ်၌ လေတပ်စခန်းဌာနချုပ်နှင့် လေတပ်စခန်းအသီးသီး တို့မှ ခင်းကျင်းပြသထားသော ရိုးရာယဉ်ကျေးမှုနှင့် အိမ်တွင်းလက်မှု လုပ်ငန်းဆိုင်ရာပြခန်းများသို့ သွား ရောက်ပြီး စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြရာ ပြခန်းတာဝန်ခံများမှ သိရှိလိုသည်များအား ရှင်းလင်းပြသခဲ့ သည်။
#PeopleMedia