• Follow Us on
Latest News

Home မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် မာရဝိဇယကျောင်းတော်ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကျင်းပ

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် မာရဝိဇယကျောင်းတော်ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကျင်းပ

Share this post

နေပြည်တော်၊ ဇူလိုင် ၃၁

 

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထု ကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မာရဝိဇယ ကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးနှင့် ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မာရဝိဇယ ကျောင်းဆောင်တော်တွင် သီတင်းသုံးတော်မူကြ မည့် ဆရာတော် ၅ ပါး၏ ဘွဲ့တော်နှင့် ထေရုပတ္တိအကျဉ်းတို့ကို တင်ပြသည်။

 

ယင်းနောက် အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ပြီး ဦးဆောင်ဘုရားဒါ ယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများက ပါဠိဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

 

ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မင်္ဂလသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့်ဇနီးတို့က ပါဠိဆရာတော်ဘုရားကြီးနှင့် ကျောင်းထိုင် ဆရာတော်ထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ မာရဝိဇယကျောင်းတော်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အမှူးပြုသော ခုနှစ် ရက်သားသမီး ဓမ္မမိတ်ဆွေ အလှူရှင်များ စုပေါင်း တည်ဆောက်လှူဒါန်းခဲ့သည့် ဘုန်းတော်ကြီးကျောင်း ဖြစ်ကြောင်း သိရသည်။

 

ကျောင်းတော်အတွင်း ဘုရားခန်း၊ စာချ၊ ဝတ်ပြုခြင်းများပြုလုပ်ရန်နေရာ၊ အိပ်ခန်းများ၊ စာကြည့်တိုက်နှင့် စာဖတ်ခန်းများ၊ ဆွမ်းစားခန်း၊ သန့်စင်ခန်းများ၊ ဆွမ်းချက် ဆောင်နှင့် ကပ္ပိယဆောင်များကို စနစ်တကျဖြင့် ပြည့်စုံစွာထည့်သွင်း တည်ဆောက်ထားရှိသဖြင့် သံဃာတော်များ သပ္ပါယမျှတစွာဖြင့် သီတင်းသုံးနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post