မာရီယူပိုလ်းမြို့က အကူအညီတောင်းခံနေစဉ်အတွင်း ရုရှားက ဟိုက်ပါဆောနစ်ဒုံးကျည်ဖြင့် ပစ်ခတ်

PUBLISHED - March 21, 2022
နိုင်ငံတကာ၊ မတ် ၂၁
ယူကရိန်းစစ်ပွဲအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရုရှားဘက်က ဟိုက်ပါဆောနစ် (အသံထက်ငါးဆမြန်တဲ့) ဒုံး ကျည်တစ်စင်းကို မာရီယူပိုးလ်မြို့ကို စနေနေ့ (မတ်လ ၁၉ ရက်) က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားစစ်တပ်က Kinzhal ကင်ဇုန်ဟိုက်ပါဆောနစ်ဒုံးကျည်ကို ယူကရိန်းစစ်သားတွေအသုံးပြုနေတဲ့လက်နက်သို လှောင်ရုံကို ပစ်မှတ်ထားပစ်ခတ်ခဲ့တာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
အမြန်နှုန်းနဲ့ အမြင့်ပျံနှုန်းကြောင့် ခြေရာခံဖို့ခက်ခဲသလို ကြားဖြတ်ပစ်ချဖို့လည်း ခက်ခဲတဲ့ ဟိုက်ပါဆောနစ်ဒုံး ကျည်ထုတ်လုပ်ရေးနယ်ပယ်မှာ ရုရှားနိုင်ငံဟာ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောကြားလိုက်ပါတယ်။
ဟိုက်ပါဆောနစ်ဒုံးကျည်ပစ်ခတ်မှုကြောင့် ယူကရိန်းဘက်က ထိခိုက်သေကြေမှုကို အတိအကျမသိရပေမဲ့ တ ခြားပစ်ခတ်မှုကြောင့် မီကိုလီယက်ဗ်မြို့မှာရှိတဲ့ ယူကရိန်းစစ်သားတွေနေတဲ့စစ်တန်းလျားကို ဒုံးကျည်ထိမှန်ခဲ့ပြီး ယူကရိန်းစစ်သည် ဆယ်ဦးကျော်လောက်ကျဆုံးခဲ့တယ်လို့သိရပါတယ်။
ယူကရိန်းစစ်သည်တွေအိပ်မောကျနေ စဉ်မှာ သောကြာနေ့က ဒုံးကျည်ထိမှန်ခဲ့တဲ့အဆောက်အဦအပျက်အစီး တွေကြားထဲက အသက်ရှင်ကျန်ရစ်ခဲ့သူ တွေကို ကယ်ထုတ်ခဲ့ကြပါတယ်။
မာရီယူပိုးလ်မြို့မှာတော့ လူဦးရေ ၃၀၀၀၀၀ ဝန်းကျင်လောက်ဟာ ရုရှားတပ်တွေဝိုင်းထားတဲ့ကြားမှာပိတ်မိနေ ကြတယ်လို့ဆိုပါတယ်။
ဒီကြားထဲမှာ လူဦးရေအမြောက်အများ ခိုလှုံနေတဲ့ပြဇာတ်ရုံကို ရုရှားလေကြောင်းကဗုံး ကြဲတိုက်ခိုက်ခဲ့လို့ ဗုံးထိမှန်ခဲ့သေးတယ်လို့ဆိုပါတယ်။
ပြဇာတ်ရုံဗုံးမှန်ခဲ့တဲ့ဖြစ်စဉ်မှာလည်း အသေအပျောက်စာရင်း တိတိကျကျ မသိရပါဘူး။ ပြဇာတ်ရုံတိုက်ခိုက်မှုကို လူသားမဆန်တဲ့စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
လမ်းမတွေပေါ်မှာ ရုရှားတပ်တွေ၊ ရုရှားတင့်ကားတွေနဲ့ ယူကရိန်းစစ်သားတွေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ယူကရိန်းမြို့တော်ဝန်က ပြောပါတယ်။ ယူကရိန်းပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုကနေ အကာအကွယ် ပေးဖို့ အနောက်နိုင်ငံတွေကို မာရီယူပိုးလ်က ရဲအရာရှိတစ်ဦးက မေတ္တာရပ်ခံလိုက်ပါတယ်။
ယူကရိန်းရဲအရာရှိ မီခေးလ်ဗာ့ရှ်နင်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန် တို့ကို အကူအညီပေးမယ်လို့ပြောပြီး အခုအထိ ဘာအကူအညီမှမရသေးကြောင်း၊ ယူကရိန်း ပြည်သူတွေကို ကယ်ဆယ်ဖို့တိုက်တွန်းကြောင်း အပျက်အစီးတွေကြားကနေ ပြောကြားနေတဲ့ပုံကို ဗီဒီယိုဖိုင်တစ်ခုတင်ထား တာတွေ့ရပါတယ်။
“ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ သေလုမျောပါးခံစားနေကြရပါတယ်။ မြို့ကြီးကလည်း ဖျက်ဆီးခံ ထားရပြီး ကမ္ဘာမြေပြင်ပေါ်ကနေ ဖယ်ရှားရှင်းလင်းခံထားရပါပြီ။ သမ္မတကြီးတို့က ကျွန်တော်တို့ ယူကရိန်းပြည် သူတွေကို ကူညီမယ်လို့ပြောခဲ့ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ကို အကူအညီပေးပါဗျာ။ ဘိုင်ဒန်နဲ့ မက်ခရွန် သမ္မတကြီးတို့ဟာ ကြီးကျယ်မြင့်မြတ်တဲ့ခေါင်းဆောင်တွေပါ။ ဒီကျူးကျော်သူတွေကို အဆုံးသတ်ပေးပါဗျာ။” လို့ အဆိုပါရဲအရာရှိကပြောပါတယ်။
Ref: Russia fires hypersonic missile as ‘destroyed’ Mariupol pleads for help amid fighting on streets
#PeopleMedia
(unicode)
…………………………………
Ref: Russia fires hypersonic missile as ‘destroyed’ Mariupol pleads for help amid fighting on streets
#PeopleMedia