• Follow Us on
Latest News

Home မာလာဝီ ဒုသမ္မတကို တင်ဆောင်လာတဲ့ စစ်လေယာဉ် ပျောက်ဆုံးနေ

မာလာဝီ ဒုသမ္မတကို တင်ဆောင်လာတဲ့ စစ်လေယာဉ် ပျောက်ဆုံးနေ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၁

 

မာလာဝီနိုင်ငံရဲ့ ဒုသမ္မတ Saulos Chilima နဲ့ အခြားကိုဦးကို တင်ဆောင်လာတဲ့ စစ်လေယာဉ်တစ်စင်း ပျောက်ဆုံးနေပြီး ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သမ္မတရုံးက ပြောပါတယ်။

 

အသက် ၅၁ နှစ် အရွယ်ဒုသမ္မတ လိုက်ပါလာတဲ့ လေယာဉ်ဟာ တနင်္လာနေ့က မြို့တော် လီဝမ်ဂွေ ကနေ Mzuzu အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထွက်ခွာလာစဉ် ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။

 

မာလာဝီသမ္မတ Lazarus Chakwera က “စစ်သားတွေက မြေပြင်မှာ ရှာဖွေမှုတွေ လုပ်နေတုန်းပဲ၊ လေ ယာဉ်ကို ရှာမတွေ့မချင်း စစ်ဆင်ရေးတွေ ဆက်လုပ်ဖို့ တင်းတင်းကျပ်ကျပ် အမိန့်ပေးထားပါတယ်” လို့ ပြောပါတယ်။

 

ရေဒါ ပျက်သွားကတည်းက လေယာဉ်နဲ့ အဆက်အသွယ်ရဖို့ ကြိုးပမ်းမှု အားလုံးကို လုပ်ဆောင်ခဲ့ပေမယ့် အခုအချိန်အထိ မအောင်မြင်သေးဘူးလို့ သမ္မတရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

“ငါတို့အားလုံး ထိတ်လန့်စိုးရိမ်နေကြတယ်ဆိုတာ ငါသိပါတယ်၊ ငါလည်း စိတ်ပူတယ်။ ဒါပေမယ့် အဲဒီ လေယာဉ်က အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ မျှော်လင့်ချက် အားလုံးကို ဆုပ်ကိုင်ထားပါတယ်။” လို့ သမ္မတက ပြောပါတယ်။

 

Ref; aljazeera

 

#PeopleMedia


Share this post