မိတ္ထီလာမြို့တွင် ချောင်းထဲသို့ရေဆင်းချိုးသည့် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

PUBLISHED - September 22, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ ခါးကော့ကျေးရွာရှိ နတ်စဉ်ချောင်းတွင် ရေဆင်းချိုးသည့် ကျောင်းသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။
စက်တင်ဘာလ ၂၁ ရက် နံနက် ၁၀:၃၀ အချိန်တွင် နတ်စဉ်ချောင်းတွင် ကျောင်းသားတစ်ဦး ရေဆင်းချိုးစဉ် ရေနစ်သေဆုံးကြောင်း သတင်းရရှိသောကြောင့် နယ်မြေရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုနတ်စဉ်ချောင်းမှာ အကျယ် (၃၀) ပေ၊ အနက် (၇) ပေရှိသည့် ချောင်းတွင် အသက် (၁၂) နှစ်အရွယ် သူမောင်သူရချို(ခ) ရှာဟစ်မှာ Grade 5 ကျောင်းသားတစ်ဦးဖြစ်ပြီးကြောင်း သိရသည်။
Photo – Credit
#PeopleMedia