မိတ္ထီလာမြို့ရှိ စစ်ဘက်၊ အရပ်ဘက် အဆောက်အဦးများကို စစ်သွေးကြွများက လက်လုပ်ဒရုန်း ၁၃ စီးဖြင့် တိုက်ခိုက်၊ ထိခိုက်ပျက်စီးမှု မရှိ
PUBLISHED - November 11, 2024
မိတ္ထီလာ၊ နိုဝင်ဘာ ၁၁
ယနေ့ နံနက်အစောပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ စစ်ဘက်၊ အရပ်ဘက် အဆောက်အဦးများကို စစ်သွေးကြွများက ဒရုန်း ၁၃ စီးနဲ့ တိုက်ခိုက်ရာ အဆောက်အဦး၊ လူနှင့် အရာဝတ္တုများ ထိခိုက်ပျက်စီးမှု မရှိကြောင်း တာဝန်ရှိသူများက People Media ကို အတည်ပြု ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်အပေါ် ပြောဆိုနိုင်သူတစ်ဦးက “လက်လုပ်ဒရုန်း ၁၃ စီးနဲ့ တိုက်တာပါ။ အရပ်ဘက်ကို ၇ စီး၊ စစ်ဘက်ကို ၈ စီး အားလုံး ၁၃ စီးပါ။ ၃ စီးက အကောင်းအတိုင်း သိမ်းဆည်းနိုင်ခဲ့တယ်။ အပျက်အစီး ဘာမှ မရှိပါဘူး။ ဒရုန်းက နေပြည်တော်ဧရိယာကို ပြီးခဲ့တဲ့ရက်က တိုက်ခိုက်ခဲ့တဲ့ ဒရုန်းနဲ့ ဆင်တူပါတယ်” လို့ ပြောဆိုသည်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်သွေးကြွများသည် နေပြည်တော်ဧလာလေဆိပ်ကို အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သော်လည်း အဆိုပါ ဒရုန်းများကို လုံခြုံရေးအဖွဲ့များက ရှင်းလင်းနိုင်ခဲ့သည်။
စစ်သွေးကြွများသည် အရပ်ဘက်၊ စစ်ဘက်လေဆိပ်များကို အသေခံ ဒရုန်းများနဲ့ တိုက်ခိုက်မှုများ၊ ရှော့တိုက်ဒုံးများနဲ့ တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိနေသည်။
Photo – နေပြည်တော် ဧရိယာကို တိုက်ခိုက်ခဲ့သော စစ်သွေးကြွများ၏ အသေခံ ဒရုန်း
#PeopleMedia