မိတ္ထီလာ ဖောင်တော်ဦးဘုရားပွဲကျင်းပနေချိန် စစ်သွေးကြွတွေ ဗုံးခွဲတိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိ
PUBLISHED - September 18, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် (၁၄၁)ကြိမ်မြောက် ဖောင်တော်ဦးဘုရားပွဲ ကျင်းပနေချိန်၌ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ အဝေးထိန်းစနစ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
စက်တင်ဘာလ (၁၇)ရက် နံနက် (၈)နာရီခန့်က မိတ္ထီလာမြို့တွင် (၁၄၁)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦး ဘုရားပွဲ ကျင်းပနေချိန်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ အဝေးထိန်းစနစ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် နန်းတော်ကုန်းရပ်ကွက်၊ အမက (၅) ရှေ့ရှိ ဘုရားပွဲရဲကင်းစခန်း အဆောက်အဦးနှင့် ဆိုင်ကယ်များ ပျက်စီးသွားပြီး ရဲတပ်ဖွဲ့ဝင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
#PeopleMedia