မိတ္ထီလာမြို့တွင် မန်ကျည်းသီးတက်ခူးသည့် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

PUBLISHED - March 7, 2022
နေပြည်တော်၊ မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ ချောင်းနားကျေးရွာ၌ မတ်လ ၆ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် မန်ကျည်းသီးတတ်ချွေသည့် အမျိုးသားတစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သိရ သည်။
သေဆုံးသည့်အမျိုးသားမှာ မိတ္ထီလာမြို့၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု၊ သဖန်းပင်ရိုးတွင် နေထိုင်သည့် ကိုဘိုဖြူ အသက် (၃၇) နှစ်ဖြစ်ပြီး၊ မန်ကျည်းပင်ပေါ်သို့ မန်ကျည်းသီးတက်ချွေစဉ် မတော်တဆဖြစ်ကာ ပြုတ်ကျပြီး သေဆုံးသွားကြောင်း သိရသည်။
“အပင်ပိုင်ရှင်ဆီက အပင်မှာရှိတဲ့ မန်ကျည်းသီးကို အစ်မဖြစ်သူကဝယ်တာ။ အဲ့မန်ကျည်းသီးကို မောင်ဖြစ်သူကို တတ်ချွေခိုင်းတာ။ အဲ့မှာပြုတ်ကြသွားတာ” လို့ ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြော သည်။
မန်ကျည်းပင်ပေါ်မှ ပြုတ်ကျခဲ့ခြင်းကြောင်း အဆိုပါ အမျိုးသားမှာ ဘယ်ဘက်နံရိုးကျိုး၊ ဘယ်ဘက်လက်မကျိုး၊ ညာဘက်လက်ပြင်ရိုးနှင့် ညာဘက်နားထင် ပေါက်ပြဲ ဒဏ်ရာများရရှိပြီး သေဆုံးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia #မိတ္ထီလာမြို့
(unicode)
…………………………………………………
Photo – Credit
#PeopleMedia #မိတ်ထီလာမွို့