မိတ္ထီလာမြို့၊ ရှမ်းတဲကျောင်း အ-ထ-က(၅) ၌ ဆရာ/မအပါအဝင် ကျောင်းသား/သူ ၂၄ ဦး ကိုဗစ်ပိုး ကူးစက်ခံရ
PUBLISHED - December 13, 2021
မိတ္ထီလာ၊ ဒီဇင်ဘာ ၁၃ (People Media)
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲကျောင်း အ-ထ-က (၅) ၌ ဆရာ/မနှင့် ကျောင်းသား/သူ ၂၄ ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ရှမ်းတဲကျောင်း အ-ထ-က(၅) ၌ ကိုဗစ်ပိုး စစ်ဆေးရာ ဆရာ/မတို့ကို စစ် ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ဆက်လက်စစ်ဆေးရာတွင် ကျောင်းသား/သူတို့၌ ထပ်မံ၍ တွေရှိခဲ့ခြင်း ဖြစ်ပါတယ်။
“အထက်တန်းတွေကတော့ မတွေ့ဘူး။ အလယ်တန်းမတွေ့ဘူး။ ဆရာ၊ ဆရာမတွေကိုစစ်လိုက်တာ ပိုးတွေ့ သွားတယ်။ တွေ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ အတန်းကို စစ်လိုက်တော့ ကျောင်းသားတွေ တွေ့သွားကြတယ်။ တွေ့တဲ့အတန်းတွေက နှစ်တန်း၊ လေးတန်း၊ KG တန်းမှာတွေ့တာ။ ဒီမနက်ခင်း စစ်တော့ ၂ ယောက်တော့ တွေ့သွားတယ်။ နောက်ထပ်စာရင်းတော့ မသိသေးဘူး” လို့ မိတ္ထီလာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ကိုအာကာမှ ပြောပါတယ်။
မိတ္ထီလာမြို့၊ ရှမ်းတဲကျောင်း အ-ထ-က (၅) တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ ဆရာ၊ ဆရာမ (၄) ဦး၊ ကျောင်းသူ၊ ကျောင်းသား (၁၈) ဦးနှင့် ကျောင်းသားမိဘ (၁) ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး၊ ယနေ့ဒီဇင်ဘာ ၁၃ ရက်နေ့ တွင် ကျောင်းသား ၂ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ထိုကိုဗစ်ပိုးတွေ့ရှိသည့်အတန်းကို ကွာရန်တင်း ၁၁ ရက်ပိတ်ထားမည်ဖြစ်ပြီး ထို ၁၁ ရက် ကွာရန်တင်း ပြည့်ပြီးပါက ပြန်လည်ဖွင့်မည်ဖြစ်ကြောင်း သိရပါတယ်။
Photo – ပုံဟောင်း အသုံးပြုထားသည်။
#PeopleMedia #မိတ္ထီလာမြို့နယ်
(unicode)
………………………………………………………
မိတ်ထီလာ၊ ဒီဇငျဘာ ၁၃ (People Media)
#PeopleMedia #မိတ်ထီလာမွို့နယျ