• Follow Us on

Home မိမိတို့နိုင်ငံတွင်အမျိုးသမီးဦးရေသည် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသည့်အတွက် နိုင်ငံဖွံ့ဖြိုးရေးနှင့် ကာကွယ်ရေးတို့တွင် မျိုးချစ်စိတ်ဖြင့်ပါဝင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား

မိမိတို့နိုင်ငံတွင်အမျိုးသမီးဦးရေသည် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသည့်အတွက် နိုင်ငံဖွံ့ဖြိုးရေးနှင့် ကာကွယ်ရေးတို့တွင် မျိုးချစ်စိတ်ဖြင့်ပါဝင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

 

မိမိတို့ နိုင်ငံတွင် အမျိုးသမီးဦးရေသည် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်ရေးစွမ်းအားတည်ဆောက်ရေးတို့တွင် မျိုးချစ်စိတ်ဖြင့် ပါဝင်ကြရန် လိုအပ်မည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယမန်နေ့တွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိမိတို့ နိုင်ငံတွင် အမျိုးသမီးဦးရေသည် နိုင်ငံ့လူဦးရေ၏ ထက်ဝက် ကျော်ရှိသည့်အတွက် နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးစွမ်းအားတည်ဆောက်ရေးတို့တွင် မျိုးချစ် စိတ်ဖြင့် ပါဝင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ကာကွယ်ရေးစွမ်းအား တည်ဆောက်ရာ တွင် မြန်မာအမျိုးသမီးထုပါဝင်နိုင်ရေး၊ အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရေးတို့အတွက် လေ့ကျင့်မွေးထုတ်ပေးနေခြင်းပင်ဖြစ်ကြောင်း ပြောသည်။

 

တိုင်းပြည်အတွက် အရေးကြုံလာတိုင်း တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် အမျိုးသားနိုင်ငံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်၏ သမိုင်းကြောင်းနှင့် အစဉ်အလာ ကောင်းများကို သိရှိအောင်လေ့လာပြီး အသက်ပေးစောင့်ထိန်းသွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် အမျိုးသားနိုင်ငံရေး တာဝန်ထမ်း ဆောင်ရန်တာဝန်ရှိသည်ဖြစ်သည့်အတွက် မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံရေးစနစ်နှင့် သွား သည်ဖြစ်စေ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့ကို အလေးအနက်ထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အရင်းခံပြီး မွန်မြတ်သည့်စိတ်များနှင့် တပ်မတော်၏ ကောင်းမြတ်သည့် အလေ့အကျင့်၊ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွား ကြရန် မှာကြားလိုကြောင်း၊ သမိုင်းကြောင်းနှင့် ယှဉ်တွဲလျက်ရှိသည့် တပ်မတော်၏ မွန်မြတ်သည့်အစဉ် အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်၊ ဒို့တာဝန် အရေးသုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သည့်သူများဖြစ်အောင် လေ့ကျင့် ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်လာ ရေး အမြဲကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post