မိမိတို့နိုင်ငံမှ ပြည်ပနိုင်ငံများသို့သွားရောက်၍ အလုပ်လုပ်ကိုင်နေသူများရှိကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - September 30, 2024
နေပြည်တော်၊ စက်တင်ဘာ ၃၀
လက်ရှိအချိန်တွင် မိမိတို့နိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူများရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား တွေ့ဆုံစဉ် ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အနာဂတ်တွင် ခေတ်မီနိုင်ငံတော်ကို တည်ဆောက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများစွာကို မွေးထုတ်ပေးနိုင်ရန် လိုကြောင်း၊ ထို့ပြင် စည်းကမ်းစနစ်ကျနသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကိုလည်း ပုံဖော်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူများရှိကြောင်း၊ နိုင်ငံတွင်းရှိ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနိုင်မည် ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ထို့သို့ဆောင်ရွက်နိုင်ရန်အတွက် ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ခရိုင်များအားလုံး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်း ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာနည်းလမ်း များအတိုင်း ဆောင်ရွက်ခြင်းထက် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးနည်းပညာများကို အသုံးချနိုင်ရန်လို ကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာလျင် အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို မဖြစ်မနေဆောင် ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး လူမှုဘဝများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အားပေးဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် မိတ္ထီလာခရိုင် ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သာမန်ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ အားထည့်၍ ဆောင်ရွက်သွားရန်လိုပြီး အချိန်ကိုအကျိုးရှိစွာဖြင့် အသုံးချကြစေလိုကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ ဒေသခံများအားလုံးက အမြင်ကျယ်ကျယ်ဖြင့် အတူ တကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia