• Follow Us on
Latest News

Home မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းဖြစ်သော်လည်း ဒီမိုကရေစီ၏ အခြေခံဖြစ် သည့်ဥပဒေအား လေးစားလိုက်နာခြင်း၌အားနည်းချက်များရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းဖြစ်သော်လည်း ဒီမိုကရေစီ၏ အခြေခံဖြစ် သည့်ဥပဒေအား လေးစားလိုက်နာခြင်း၌အားနည်းချက်များရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းဖြစ်သော်လည်း ဒီမိုကရေစီ၏အခြေခံဖြစ် သည့် ဥပဒေအား လေးစားလိုက်နာခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးအသိအမြင်ရှိခြင်းတို့၌ အားနည်းချက်များရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဇန်နဝါရီ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကဆောင်ရွက် သည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ် နည်းပါးကြောင်း၊ ထို့ကြောင့် စိုက်ပျိုး မွေးမြူရေးကျောင်းများဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ စက်မှုနည်းပညာများ ဖွံ့ဖြိုးရေးအတွက်လည်း နည်းပညာကျောင်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ ကြောင်း၊ စိုက်ပျိုးရေးမှထွက်ရှိသည့် ထွက်ကုန်များကိုအခြေခံ၍ စက်မှုပိုင်းဆိုင်ရာများ အသုံးပြုပြီး ကုန် ထုတ်လုပ်မှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။

 

မိမိတို့အနေဖြင့် ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးငယ်များ အားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ပညာသည် လူတစ်ဦးချင်းစီ၏ ဘဝတိုးတက် ရေးကို ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပြီး အသိပညာ၊ အတတ်ပညာများရှိမှသာလျင် လုပ်ငန်းနယ်ပယ်မျိုးစုံ၌ ပိုမို တိုးတက်ဖွံ့ဖြိုးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာတတ် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင် ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး နိုင်ငံ၏ အနာဂတ်ကို ပညာရေးဖြင့် ကောင်းမွန်စွာ ပုံဖော်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၌ ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်များ များစွာရှိသည်ကို စစ်တမ်းများအရ တွေ့ရှိ ရကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းခန့်သည် သာမာန်လုပ်ငန်းများ ကို ဆောင်ရွက်ကြသူများဖြစ်သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေ ခြင်းဖြစ်သော်လည်း ဒီမိုကရေစီ၏အခြေခံဖြစ်သည့် ဥပဒေအား လေးစားလိုက်နာခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် စီးပွားရေးအသိအမြင်ရှိခြင်းတို့၌ အားနည်းချက်များရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ဥပဒေဆိုင်ရာများနှင့် စီးပွားရေး ဆိုင်ရာများကို သိရှိရန် မဖြစ်မနေလိုအပ်သည်ဟု တွေ့ရှိရသဖြင့် ဥပဒေပညာရပ်ကို နားလည် သိရှိစေရေး တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ကိုသင်ကြားပေးလျက်ရှိ ကြောင်း၊ အလားတူ စီးပွားရေးနှင့်ပတ်သက်သည့် အသိအမြင်များရှိစေရေးအတွက်လည်း စီးပွားရေး အခြေခံ ဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်မှာတက္ကသိုလ်ပညာသင်ကြားပြီး ဘွဲ့ရရှိပြီးသူများအနေဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝနှင့် ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဆောင်ရွက်နိုင် သူများဖြစ်စေရေးအတွက် မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post