မိမိတို့နိုင်ငံသားများအား မိမိတို့၏နိုင်ငံတွင်း၌ပင် လုံခြုံစွာဖြင့် အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဖော်ဆောင်ပေးရမည်ဟု နစကဥက္ကဋ္ဌ ပြောဆို
PUBLISHED - August 10, 2023
နေပြည်တော်၊ သြဂုတ် ၁၀
မိမိတို့နိုင်ငံသားများအား မိမိတို့၏နိုင်ငံတွင်း၌ပင် နိုင်ငံတော်၏အရိပ်အာဝါသအောက်၌ လုံခြုံစွာဖြင့် အေးအေး ချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတွင် ပြုလုပ်သည့် အစည်းအဝေး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ဆိုသည်။
မိမိတို့နိုင်ငံတွင် ပြည်ပသို့သွားရောက်လုပ်ကိုင်မှုများ များပြားလျက်ရှိခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့နေရာ ဒေသများတွင် လုပ်သားအင်အားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကို အားပေးဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသားများအား မိမိတို့၏နိုင်ငံတွင်း ၌ပင် နိုင်ငံတော်၏အရိပ်အာဝါသအောက်၌ လုံခြုံစွာဖြင့် အေးအေးချမ်းချမ်း လုပ်ကိုင်စား သောက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စိုက်ပျိုးမြေများ ထိခိုက်လျော့နည်းမှုမရှိအောင်ဆောင်ရွက်ရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်ကြပ်မတ်မတ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်ပိုင်စီးပွား ရေး လုပ်ငန်းများစနစ်တကျလည်ပတ်ဆောင်ရွက်နေရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများအောင်မြင်မှုရှိစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်နေရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ပေးရန်လိုပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အားလုံးလည်ပတ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် ပြောဆိုသည်။
အခွန်ဆောင်မှုနှင့်ပတ်သက်၍ အခွန်ရှောင်မှုများမရှိစေရေး တာဝန်ရှိသူများ အနေဖြင့်စနစ်တကျ စစ်ဆေးကြပ် မတ်ဆောင်ရွက်ရန်လိုကြောင်း၊ မြေများဈေးကစား မှုမရှိစေရေးနှင့် စနစ်တကျရှိစေရေး လယ်ယာမြေဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်နေ ရန်လိုကြောင်း၊ နိုင်ငံ့ဝင်ငွေတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်း များ မြင့်မားတိုးတက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင် ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံးအနေဖြင့် အမှန်တကယ်အောင်မြင်မှုရှိစေရေး၊ နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရေး လက်တွေ့ကျကျဖြင့် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကုန်သွယ်မှုနှင့်ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက် ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်မှုများ၌ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ပြည်ပသို့ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန် ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေကိုဖောက်ဖျက်ဆောင်ရွက်မှုများကို ဖော်ထုတ်အရေးသွား ယူရန်လိုကြောင်းဖြင့် ပြောဆိုခဲ့သည်။
#PeopleMedia