မိမိတို့နိုင်ငံအနေဖြင့် ပညာရေးအရ အားပေးမြှင့်တင်မှုပြုလုပ်ရန်များစွာလိုအပ်ချက်များရှိနေဆဲဖြစ်သဖြင့် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိကြောင်း တပ်ချုပ်ပြောကြား
PUBLISHED - May 31, 2024
နေပြည်တော်၊ မေ ၃၁
မိမိတို့နိုင်ငံအနေဖြင့် ပညာရေးအရအားပေးမြှင့်တင်မှုပြုလုပ်ရန် များစွာလိုအပ်ချက်များရှိနေဆဲဖြစ်သဖြင့် ပညာ ရေးကို အားပေးမြှင့်တင်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် စစ်တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဗိုလ်လောင်း များအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်တွင် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက် ချမှတ်ထားရှိပြီး အဆိုပါအချက်များနှင့် ချိန်ထိုး၍ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ခေါင်းဆောင်များအနေဖြင့် လိုက်နာ ရန်လိုအပ်သည်များကို လိုက်နာ၍ စောင့်ထိန်းသင့်သည်များကို စောင့်ထိန်းခြင်းသည်မိမိကိုယ်ကိုထိန်းသိမ်း ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိဦးဆောင်ရသည့် လက်အောက်ငယ်သားများ၏အကျိုးကိုဖော်ဆောင်နိုင် ရေး၊ မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ လူမှုဘဝမြင့်မားတိုးတက်ရေးတို့အတွက် လေ့လာသင့် လေ့လာ ထိုက်သည်များကိုလည်း အမြဲမပြတ်လေ့လာနေရန်လိုကြောင်း ပြောသည်။
စည်းကမ်းသည် တပ်မတော်၏ကျောရိုးဖြစ်ပြီး တစ်ဦးချင်းတစ်ယောက်ချင်းစီ အလိုက် စိတ်ဓာတ်စည်းကမ်း ကောင်းမှသာလျင် အဖွဲ့အစည်းတစ်ခုလုံးကောင်းမွန်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်တန်းသားများဘဝ ကတည်းကပင် မိမိကိုယ်ကို စည်း ကမ်းတကျနေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်း များ မွေးမြူ ဆောင်ရွက်သွားကြရန်လိုပြီး ဘဝတစ်လျှောက်လုံးကျင့်သုံးဆောင်ရွက်သွားကြရန်လည်း လို ကြောင်း၊ စည်းကမ်းသေဝပ်၍ အမိန့်နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ခြင်း၊ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေ ထိုင်ခြင်းဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်ကို ကာ ကွယ်နိုင် န်အတွက် မိမိတို့တစ်ဦးချင်း၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန်လိုအပ်မည်ဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်ဦးတစ်ယောက်ချင်းစီ၏ လူမှုဘဝတိုးတက်မြင့်မားရေးအတွက် ပညာ တတ်မြောက်ရန်နှင့် အသိပညာဗဟုသုတကြွယ်ဝရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာရေးအရအား ပေးမြှင့်တင်မှုပြုလုပ်ရန် များစွာလိုအပ်ချက်များရှိနေဆဲဖြစ်သဖြင့် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိ ကြောင်း၊ ထို့ပြင် ပညာရေးအတွက် အထောက်အကူပြု စေမည့် စာကြည်တိုက်များတည်ဆောက်ပေးခြင်း၊ စာကြည့်တိုက်လုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်မှုရှိစေရေး နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျက်ရှိ ကြောင်း ပြောသည်။
အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးခြင်းနှင့် ၎င်းအတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သူ များ ဖြစ်အောင်လေ့ကျင့်သင်ကြားပေးမှုဟူ၍ ရှိကြောင်း၊ နည်းပြများ အနေဖြင့် လေ့ကျင့် သင်ကြားရာတွင် လေ့ကျင့်ရေးဆိုင်ရာပညာရပ်နှင့် စာပေပိုင်းဆိုင်ရာပညာရပ်ဟူ၍ရှိပြီး နှစ်ဖက်မျှတစွာ တတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးနှင့် ပတ်သက်ပါက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန်၊ သင်တန်းသားများကို အလိုမလိုက်ရန် လိုအပ်သကဲ့သို့ မိမိကိုယ်ကို လည်း အလိုမလိုက်ရန်လိုကြောင်း၊ အရည်အချင်းနှင့် ပြည့်စုံသဖြင့် နည်းပြများဖြစ်နေကြခြင်းဖြစ်သည့်အတွက် မိမိတတ်မြောက်ထားသည့်၊ သင်ကြားထားရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းလာသည့် အတွေ့ အကြုံများနှင့် ချိန်ထိုး၍ စနစ်တကျ သင်ကြားပေးစေလိုပြီး အနာဂတ်ခေါင်းဆောင်များကိုမွေး ထုတ်ပေးနိုင်ရ မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
#PeopleMedia