• Follow Us on

Home မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဆိုပါက နှစ်အနည်းငယ်အတွင်းဒေသတွင်းနိုင်ငံများအကြား၌ အလယ်အလတ်အဆင့်၌ ရပ်တည်နိုင် မည်ဟု နစကဥက္ကဋ္ဌပြောကြား

မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဆိုပါက နှစ်အနည်းငယ်အတွင်းဒေသတွင်းနိုင်ငံများအကြား၌ အလယ်အလတ်အဆင့်၌ ရပ်တည်နိုင် မည်ဟု နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉

 

မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး မျှော်မှန်းချက်များ၊ ဦးတည်ချက်များကို မှန်မှန်ကန်ကန် အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်အနည်းငယ်အတွင်း ဒေသတွင်း နိုင်ငံများအကြား၌ အလယ် အလတ်အဆင့်၌ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူ ရသည့် နိုင်ငံ၏ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင် စံနမူနာပြ လုပ်ဆောင်ကြရန်လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ ကောင်းကျိုးကိုဖော်ဆောင်၍ ယုံကြည်မှု ရရှိအောင် တည်ဆောက်နိုင်ရမည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရည်မှန်းချက်များ၊ ဦးတည်ချက်များချမှတ်၍ ဆောင် ရွက်ရကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို အမျိုး သားရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီ စုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြော သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး၌ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအားနည်းလျက်ရှိသည်ကို မိမိအနေဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မြေပေါ်မြေ အောက် သယံဇာတများ၊ သဘာဝရင်းမြစ်များ၊ လူသားအရင်းအမြစ်များ များစွာပိုင်ဆိုင်ထားရှိပြီး ဖြစ်သော် လည်း ထိရောက်အကျိုးရှိစွာ အသုံးချနိုင်မှုမရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး မျှော်မှန်းချက်များ၊ ဦးတည်ချက်များကို မှန်မှန်ကန်ကန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်အနည်းငယ်အတွင်း ဒေသတွင်း နိုင်ငံ များအကြား၌ အလယ်အလတ်အဆင့်၌ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒေသအလိုက်လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ က ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိသကဲ့သို့ ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ ရှိ ကြောင်း၊ ယင်းတို့ကို အဆင့်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသအလိုက်လိုအပ် ချက်၊ တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဒေသအလိုက် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ရှိခြင်းကြောင့် ဒေသတွင်းရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေးနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post