• Follow Us on
Latest News

Home မိမိတို့သည် နိုင်ငံ့အရေးကိုဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးလုပ်ဆောင်နေခြင်းမဟုတ်၍ ပြည်သူများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါဝင်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌ ပြောကြား

မိမိတို့သည် နိုင်ငံ့အရေးကိုဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးလုပ်ဆောင်နေခြင်းမဟုတ်၍ ပြည်သူများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါဝင်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဩဂုတ် ၂၈

 

မိမိတို့သည် နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးလုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အရေးအတွက် ပြည်သူ လူထုများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်ရန်လို ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန် နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖများ၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် ဥပဒေကို အကျွမ်း တဝင်ရှိရန်၊  နားလည်ရန်လိုကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များ၌ ဥပဒေဘာသာရပ်များကို ထည့်သွင်း သင် ကြားပေးလျက်ရှိကြောင်း၊ အလားတူ လူမှုစီးပွားဘဝ တိုးတက်ရေး အတွက် စီးပွားရေးအမြင်ရှိရန်လိုသဖြင့် စီးပွားရေးဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အတွက် အခြေ ခံကောင်းများရရှိစေရေး ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း ပြောသည်။

 

မိမိတို့သည် နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးလုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အရေးအတွက် ပြည်သူလူထုများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်ရန်လို ကြောင်း၊ တည်ငြိမ်အေးချမ်းသည့်ဒေသများသည် ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး လက်နက်ကိုင်၍ ဒေသ မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေမှုများသည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပုဂံ ညောင်ဦးလေဆိပ်သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်း တည်ရှိခြင်းကြောင့် ပြည်ပမှ လေယာဉ်ကြီးများတိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနိုင် ကြောင်း၊ ထို့ကြောင့် ရေရှည်အတွက်အဆင်ပြေစေရန် ပခုက္ကူလေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ်ဆောင်ရွက်နိုင် ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂံညောင်ဦးလေဆိပ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျွမ်းကျင် ပညာရှင်များဖြင့် စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post