• Follow Us on
Latest News

Home မိမိတို့အနေဖြင့်ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအားနိုင်ငံတော် အာ ဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ်လျက်ရှိဟု တပ်ချုပ်ပြောကြား

မိမိတို့အနေဖြင့်ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအားနိုင်ငံတော် အာ ဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ်လျက်ရှိဟု တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၁၇

 

မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသောပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရရှိ သော နိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားတပ်မ တော်မျိုးချစ်ပန်းခြံတွင် ဩဂုတ် ၁၅ ရက်က ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် မိန့်ခွန်း Video Message ပေးပို့တက်ရောက်ခဲ့သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘာ့အနေအထား မတည်ငြိမ်မှုနှင့် မလုံခြုံမှုတို့မှတစ်ဆင့် ဖြစ်ပေါ်လာ သော ထိခိုက်မှုများကိုလျော့ပါးသွားစေရန် လုပ်ဆောင်ရာ၌ အာဆီယံကဲ့သို့သော ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်းများသည် အထူးအရေးကြီးသည့် ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အာဆီယံ အဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စု မဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းအင်အား မှာ ကြီးမားလှကြောင်း၊ စစ်ရေးအတွေ့ အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့် စွမ်းပကားထက်မြက်သော လက် နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက် အသင့်အတင့် အားထားနိုင်သော အခြေအနေတွင်ရှိကြောင်း ပြောသည်။

 

ထို့ကြောင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာ ယာဝပြောရေးတို့ကို ဖော်ဆောင်ရာတွင် မရှိမဖြစ် အထူးအရေးပါနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အာဆီယံ၏ စည်းလုံးညီညွတ်မှုခိုင်မြဲနေသမျှ အာဆီယံသည် အာရှ-ပစိဖိတ်ဒေသအတွက် အရေးပါသည့် အင်အားအဖြစ်ရှိနေမည်ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ အကြား စည်းလုံး ညီညွတ်မှုကို အားကြိုးမာန်တက် ဖော်ဆောင်လျက်ရှိချိန်တွင် တစ်ဖက်တွင်လည်း အဆိုပါစည်းလုံးညီညွတ်မှုကို စိန်ခေါ်နေသောခြိမ်း‌ခြောက်မှုများလည်းရှိနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့မြန်မာနိုင်ငံနှင့်ပတ်သက်၍ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏အချို့ ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင် ရွက်ထားနိုင်ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရား မျှတသောပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ တစ်ရပ်ကိုကျင်းပပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိသည်ကို ပြော ကြားလိုကြောင်း ပြောသည်။

 

အာဆီယံ၏စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသကြီး တစ်ခုလုံး၏ တည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါလျက်ရှိသဖြင့် အနာဂတ်တွင် အာရှ-ပစိဖိတ် ဒေသတွင်း နက်နဲရှုပ်ထွေးသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများအားလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုခိုင်မာအောင်ဆောင်ရွက်ကာ ကျော်လွှားတုံ့ပြန်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံများအကြား အငြင်းပွားမှုများနှင့် ပြဿနာများအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေ ရှာသွားရမည်ဖြစ်ပြီး ရရှိလာသော အခွင့်အလမ်း များကို အမိအရအသုံးချ၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

အဆိုပါ (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံ ၅ နိုင်ငံမှ အကြီးအကဲများက Video မှတ်တမ်း ပေးပို့၍ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင် စန်းအပါအဝင် နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီးအဆင့်ပုဂ္ဂိုလ် ၂၀ ဦး၊ နိုင်ငံ ၁၆ နိုင်ငံမှ ဒုတိယ ကာ ကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦး အပါအဝင်စုစု ပေါင်း ၈၀၀ ကျော် ပါဝင်တက် ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post