• Follow Us on

Home မိမိတို့အနေဖြင့် ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်သူများကိုတွေ့ဆုံလျက်ရှိ ကြောင်း နစကကောင်စီဝင် ပြောကြား

မိမိတို့အနေဖြင့် ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်သူများကိုတွေ့ဆုံလျက်ရှိ ကြောင်း နစကကောင်စီဝင် ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၃

 

မိမိတို့အနေဖြင့် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်သူများကို တွေ့ဆုံလျက်ရှိ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးဧည့်ရိပ်သာ၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စား လှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက် တည်ငြိမ် အေးချမ်းရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အမြဲတံခါးဖွင့်ထားလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေး နည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် ကြေညာထားပြီးဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများမှာ များစွာဒုက္ခရောက် လျက်ရှိ နေကြကြောင်း၊ မိမိတို့အနေဖြင့် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံသင့်၊ တွေ့ဆုံ ထိုက်သူများကို တွေ့ဆုံလျက်ရှိကြောင်းဖြင့် ပြောကြားသည်။

 

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များက လက်နက်ကိုင် ပဋိ ပက္ခများဖြစ်ပွားနေသော မြို့နယ်များတွင် ဖြစ်ပေါ်နေသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့်ကဏ္ဍများတွင် ဖြစ်ပေါ်နေသောအခက်အခဲများကိုဆွေးနွေး တင်ပြကြသည်။

 

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက တင်ပြချက်များကို လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့တင်ပြကာ  ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

 

#PeopleMedia


Share this post