• Follow Us on

Home မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများမှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံနှင့် လူမျိုးအပေါ် အထင်ကြီး လေးစားမှုလျော့နည်းပြီး အမျိုးသားရေးအားမာန်များခန်းခြောက်လာမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများမှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံနှင့် လူမျိုးအပေါ် အထင်ကြီး လေးစားမှုလျော့နည်းပြီး အမျိုးသားရေးအားမာန်များခန်းခြောက်လာမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွား ပါကနိုင်ငံနှင့် လူမျိုးအပေါ် အထင်ကြီး လေးစားမှုလျော့နည်းပြီး အမျိုးသားရေးအားမာန်များ ခန်းခြောက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန် ဗင်းရှင်းဗဟိုဌာန(၂) (MICC-II) ၌ ကျင်းပသည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သတင်းအချက်အလက်နှင့် နည်းပညာများ တစ်ဟုန်ထိုးဖွံ့ဖြိုး တိုးတက်လျက်ရှိသည့် မျက်မှောက်ကာလတွင် ယဉ်ကျေးမှုတစ်သားတည်းဖြစ်ခြင်း၊ ယဉ်ကျေးမှုနှစ်ခြမ်း ကွဲခြင်းနှင့် ယဉ်ကျေးမှုမျိုးကွဲများ ပေါင်းစပ်ခြင်းတို့ကို နိုင်ငံအသီးသီးကြုံတွေ့ရလျက် ရှိကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွား ပါကနိုင်ငံနှင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှု လျော့နည်းပြီး အမျိုးသားရေးအားမာန်များ ခန်းခြောက်လာမည်ဖြစ်ကြောင်း၊ အမျိုးသားရေးအားမာန်ခန်းခြောက် လာသည်နှင့်အမျှ နိုင်ငံ၏အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ တိုင်းက မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ၊ အမျိုးသားရေးစံနှုန်းများနှင့် အမျိုးသား ရေးအနှစ်သာရများ မှေးမှိန် တိမ်ကော ပျောက်ကွယ်သွားခြင်းမရှိရအောင်၊ အမျိုးသားရေးစိတ်ဓာတ် ခိုင်မြဲ အောင် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်လျက်ရှိနေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း ပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ကောင်းမြတ်သည့် ဂုဏ်ဒြပ်နှင့် အစဉ်အလာ၊ အမျိုးသားရေးစံနှုန်းများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နေစေဖို့ ရည်မှန်းပြီး အမျိုးသားယဉ် ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်က အလေးထားကြိုးပမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင် ရေးလုပ်ငန်းများအနက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ ကျင်းပခြင်းသည် လည်း တစ်မျိုးသားလုံး ပါဝင်ဆောင်ရွက်ကြသည့် အဆင့်အမြင့်ဆုံးအမျိုးသားရေးအားထုတ်မှုတစ်ရပ် ဖြစ် သည်ဟုပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထို့ကြောင့် မြန်မာတို့၏ ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့် အမျိုးဂုဏ် ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဝင့်ဝင့် ထည်ထည်ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိမြဲမြံစွာဖြင့် မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွားကြပါရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောသည်။

 

ပြည်သူအားလုံးနှင့် အနုပညာရှင်များ၊ လူငယ်လူရွယ်များအားလုံး အနေဖြင့် နှစ်ပေါင်းထောင်ချီပြီး ခမ်းနား ထည်ဝါစွာ ဖွံ့ဖြိုးတိုးတက်စည်ပင်ခဲ့သည့် မြန်မာလူမျိုး တို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု၊ ကိုယ်ပိုင်အနု ပညာနှင့် ကိုယ်ပိုင် အမျိုးသားရေး စရိုက်လက္ခဏာများ ကမ္ဘာ့အလယ်တွင် တင့်တယ်စွာဆက်လက် ရှင်သန် နေစေရေးအတွက် အနုပညာစွမ်းအားနှင့် ကြိုးပမ်းဆောင်ရွက်ပေးကြရေး၊ တိုင်းတစ်ပါး ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာမှုအန္တရာယ်ကို ခုခံကာကွယ်နိုင်ရေး၊ ဘိုးဘွား တို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း အမွေဆက်ခံမည့် မျိုးဆက်သစ်လူငယ်များ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအား ပြည့်ဝခိုင်မာ လာစေရေး အနုပညာစွမ်းအားနှင့် ကြိုးပမ်းဆောင်ရွက်ပေးကြရေး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာ တည်သရွေ့ ဝင့်ထည်စွာတည်တံ့စေရေးအတွက် ဦးတည်ပြီး အမျိုးသား ယဉ်ကျေးမှုအဆင့်အတန်း အစဉ် ထာဝရမြင့်မားစေရအောင် အနုပညာ စွမ်းအားဖြင့် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ပေးကြရေး တိုက်တွန်းမေတ္တာ ရပ်ခံလိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia


Share this post