မိမိတို့ အောက်ခြေလွတ်၍ မရဘဲ သတိကြီးစွာထားပြီး တိုးတက်မှုကို ဖော်ဆောင်သည့်နေရာတွင် ဘေးပယော ဂများကိုလည်း သတိထားရန် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောကြား
PUBLISHED - March 23, 2022
ရန်ကုန်၊ မတ် ၂၃
မိမိတို့ အောက်ခြေလွတ်၍ မရဘဲ သတိကြီးစွာထားပြီး တိုးတက်မှုကို ဖော်ဆောင်သည့်နေရာတွင် ဘေး ပယောဂများကိုလည်း သတိထားရန် PPST ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယမန်နေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ပြောသည်။
“ကျွန်တော်တို့ တိုးတက်မှု ရှာဖွေတဲ့နေရာမှာ တိုးတက်မှုကို အားပေးထောက်ခံတဲ့သူရှိသလို ဖြစ်ပေါ်တိုးတက်မှု ကို မလိုလား၊ မရှုစိမ့်တဲ့အင်အားစုကလည်း အမြဲတမ်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က အောက်ခြေလွတ်လို့ တော့ မရဘူး။ သတိကြီးစွာ ထားပြီးတော့ မိမိရဲ့ တိုးတက်မှုကို ဖော်ဆောင်တဲ့နေရာမှာ ဘေးပယောကတွေကို လည်း သတိထားဖို့ လိုတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ထို့ပြင် မကြာခင်လာမည့် မိမိတို့၏ ထိပ်သီးညီလာခံသည် မိမိတို့၏ နိုင်ငံရေးအလှည့်အပြောင်းတစ်ခုကို ကြီး မားစွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ နိုင်ငံရေးအလှည့်အပြောင်းနှင့် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းကို အမီလိုက်နိုင်ရန်အတွက်နှင့် လိုအပ်ပါက ကျော်တက်၊ ကျော်လွှားသွားနိုင်ရန်အတွက် အခင်းအကျင်းသစ်ကို ပူးပေါင်း ဖန်တီးကြရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
(unicode)
…………………………………