• Follow Us on

Home မိမိသဘောဆန္ဒအလျောက်ဆန္ဒပြုစာရင်းပေးသွင်းလာကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ

မိမိသဘောဆန္ဒအလျောက်ဆန္ဒပြုစာရင်းပေးသွင်းလာကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ

Share this post

နေပြည်တော်၊ ဧပြီ ၁၀

 

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ မတ် ၉ ရက်မှစ၍ ပြည်သူ့စစ်မှု ထမ်း သင်တန်းအမှတ်စဉ် (၁) တွင် တက်ရောက်ရန်အတွက်ဆင့်ခေါ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီးတွင် လူငယ်များအနေဖြင့် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခဲ့ကြသည်။

 

ထိုကဲ့သို့ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁)တွင် တက်ရောက်ရန်အတွက် မိမိသဘောဆန္ဒ အလျောက် စာရင်း ပေးသွင်းလာကြသူများအနက် သင်တန်းတက်ရောက်ရန် အရည်အချင်းကိုက်ညီသူများအား စုဖွဲ့၍ ယမန်နေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီး တွင် သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲများတွင် သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများက ဖွင့်ပွဲသို့တက်ရောက်အားပေးချီးမြှင့်ကြကာ သင်တန်းသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ကြသည်။

 

သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက သင်တန်းသား များအတွက် ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ် ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ရခြင်းဖြစ်သည်။

 

#PeopleMedia


Share this post