မိလ္လာကန်သန့်ရှင်းခအပြင် WiFi အသုံးပြုခပါဖြတ်တယ်ဆိုလို့ ထိုင်းစစ်တပ် စုံစမ်းစစ်ဆေးခံနေရ

PUBLISHED - June 15, 2024
နိုင်ငံတကာ၊ ဇွန် ၁၅
ဥပဒေအရစစ်မှုထမ်းရတဲ့ တပ်သားသစ်တွေဆီကနေ WiFi (ဝိုင်ဖိုင်) အသုံးပြုခ ဖြတ်တောက်တယ်ဆိုတဲ့ သ တင်းတွေ ထပ်မံကြားရတဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ ထိုင်းစစ်သည်တွေရဲ့ လစာဖြတ်တောက်မှုတွေကို စုံ စမ်းစစ်ဆေးဖို့ ကာကွယ်ရေးဝန်ကြီးဆုတင်ကလန်ဆန်းက ညွှန်ကြားလိုက်ပါတယ်။
ထိုင်းလေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုမှာ မိလ္လာကန်သန့်ရှင်းရေးအတွက် စစ်သည်တစ်ဦးကို ဘတ် ၅၀၀ ဖြတ်တောက်တဲ့သတင်း ကြာသပတေးနေ့က ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပဲ WiFi အသုံးပြုခလည်း ဖြတ် တောက်တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။
WiFi အသုံးပြုခနဲ့ တခြားဖြတ်တောက်မှုတွေပါဝင်တဲ့ လစာဖြတ်တဲ့အကြောင်း သတင်းပျံ့နှံံ့လာတာနဲ့ ပတ်သက် ပြီး မစ္စဆုတင်က ထိုင်းတပ်ဖွဲ့အားလုံးကို စုံစမ်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျီရာယူ ဟောင်ဆတ်က ပြောပါတယ်။
WiFi အသုံးပြုခအပြင် အာမခံကြေး ဘတ် ၃၃၀၊ ရေမီးအဆောင်အသုံးပြုခ ဘတ် ၁၁၀၀၊ အိတ်တစ်လုံး ဘတ် ၅၉၀၊ ပြောက်ကျားဝတ်စုံ ဘတ် ၁၉၀၀၊ သင်တန်းဝတ်စုံ ဘတ် ၉၀၀၊ သောက်သုံးရေနဲ့ ရေခဲ ဘတ် ၄၇၀ နဲ့ သန့် ရှင်းရေးပစ္စည်းတွေအတွက် ဘတ် ၉၉၀ ကိုလည်း တပ်သားသစ်တွေဆီက ဖြတ်တောက်ထားတယ်လို့ဆိုပါ တယ်။
တချို့တပ်ဖွဲ့တွေမှာဆိုရင် တပ်မတော်သက်သာချောင်ချိရေးဆိုင်အလှူငွေ ဘတ် ၈၀၀၊ နာရေးအကူငွေ ၁၂ ဘတ်၊ တပ်မတော်အာမခံငွေ ဘတ် ၉၀၊ အစိုးရဘဏ်စုငွေ ဘတ် ၅၀၀ တို့ကိုလည်း ဖြတ်တောက်တယ်လို့ သ တင်းတွေထွက်နေပါတယ်။
စစ်သည်တစ်ဦးပျှမ်းမျှလစာ ဘတ်ငွေ ၁၀,၉၉၀ ရရှိပေမဲ့ ဖြတ်တောက်ငွေက တစ်လကို ဘတ်ငွေ ၄,၅၀၀ ကနေ ၅,၄၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။
တပ်မတော်သိက္ခာကျအောင် ရည်ရွယ်ထားတဲ့ အဲဒီအထောက်အထားအချက်အလက်တွေဟာ ကာလကြာမြင့် နေပြီဖြစ်တဲ့ စည်းမျဉ်းဟောင်းတွေဖြစ်ကြောင်း တော်ဝင်ထိုင်းကြည်းတပ် ကိုယ်စားလှယ်က ကာကွယ်ရေးဝန် ကြီးဌာနကို တင်ပြခဲ့တယ်လို့ မစ္စတာ ဂျီရာယူက ပြောပါတယ်။
အတိတ်ကာလတုန်းက တပ်မတော်အာမခံငွေကို တစ်ကြိမ်ပဲဖြတ်တောက်တာဖြစ်ပြီး အဲဒီဖြတ်တောက်မှုက လည်း အခုမရှိတော့ကြောင်း၊ ဒါ့အပြင်ထိုင်းတပ်မတော်တွင်း WiFi အသုံးပြုခဖြတ်တောက်ဖို့ ညွှန်ကြားချက် တစ်စုံတရာမရှိကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းကြည်းတပ်က အဲဒီသတင်းကို စိစစ်ပြီးဖြစ်ကြောင်း၊ တပ်ထဲမှာ လစာဖြတ်တောက်နေကြောင်း အထောက် အထားနဲ့တကွတင်ပြနိုင်ရင် ဘယ်သူမဆို ကာကွယ်ရေးဝန်ကြီးဌာနကို ချက်ချင်းတင်ပြသင့်ကြောင်း မစ္စတာ ဂျီ ရာယူက ပြောပါတယ်။
ထိုင်းတပ်မတော်ထဲမှာ ဘယ်တပ်ရင်းတပ်ဖွဲ့မှာမှ WiFi အသုံးပြုခဖြတ်တောက်ခြင်းမရှိဘူးလို့ တပ်ရင်းတပ်ဖွဲ့ အားလုံးက ကာကွယ်ရေးဝန်ကြီးဌာနကို သတင်းပို့ထားကြောင်း ၎င်းက ပြောပါတယ်။
ဝေးလံခေါင်ဖျားဒေသနဲ့ နယ်စပ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ရေဒီယိုနဲ့ ဂြိုဟ် တုဆက်သွယ်ရေးစနစ်ကတစ်ဆင့် WiFi အသုံးပြုနေရပေမဲ့ မြို့ပြဒေသမှာရှိတဲ့ စစ်မှုထမ်းဥပဒေနဲ့ တာဝန်ထမ်း ဆောင်နေတဲ့ တပ်သားသစ်တွေအတွက် WiFi သုံးစွဲခွင့် အပြည့်အဝရနေကြောင်း မစ္စတာဂျီရာယူက ပြောပါ တယ်။
တပ်သားသစ်တချို့အနေနဲ့ မိသားစုနဲ့ ဆက်သွယ်ဖို့ ဖုန်းဝယ်ချင်ပေမဲ့ ငွေကြေးမရှိတာကြောင့် ကြိုတင်ငွေထုတ် ပြီး ဖုန်းဝယ်ယူခဲ့တဲ့အတွက် အဲဒီကြိုတင်ငွေထုတ်ယူမှုတွေကို လစဉ် ပြန်လည်ဖြတ်တောက်တာမျိုးတော့ရှိ ကြောင်း ၎င်းက ပြောပါတယ်။
Ref: ‘WiFi fee’ deduction from army salaries probed
#PeopleMedia