• Follow Us on

Home မိသားစုဝင်များရှေ့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

မိသားစုဝင်များရှေ့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၁

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ ကွမ်းအုံကျေးရွာအုပ်စု၊ ကွမ်းအုံကျေးရွာရှိ ရာအိမ်မှူး တစ်ဦးကို PDF များမှ လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၀ ရက် ည ၈ နာရီကျော်တွင် ကွမ်းအုံကျေးရွာရှိ ရာအိမ်မှူး ဦးမောင်လွင်၏ နေအိမ်သို့ PDF များရောက်ရှိလာပြီး ထိုနေအိမ်တွင် မိသားစုဝင်များနှင့်အတူရှိနေသည့် ဦးမောင်လွင်ကို မိသားစုဝင်များအရှေ့ တွင် သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုပစ်ခတ်ခံရမှုကြောင့် အသက် (၆၀) နှစ်အရွယ် ဦးမောင်လွင်မှာ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post