မိုက်ကယ်ကျော်မြင့်ဦးစီး၍ မန္တလေးမြို့၌ တပ်မတော်ထောက်ခံပွဲ ယနေ့ လုပ်မည်၊ တပ်မတော်ထောက်ခံပွဲ ပြု လုပ်ရန် သက်ဆိုင်ရာက ခွင့်ပြုမိန့် ပေးထားဟုဆို

PUBLISHED - October 25, 2021
ရန်ကုန်၊ အောက်တိုဘာ ၂၅ (People Media)
မိုက်ကယ်ကျော်မြင့်ဦးစီး၍ မန္တလေးမြို့၊ နန်းကျုံးအနီး၌ တပ်မတော်ထောက်ခံပွဲပြု ယနေ့ ပြုလုပ်သွားမယ်လို့ မိုက်ကယ်ကျော်မြင့်က People Media ကို ပြောပါတယ်။
ထိုကဲ့သို့ တပ်မတော်ထောက်ခံပွဲပြုလုပ်ရန် သက်ဆိုင်ရာက ခွင့်ပြုမိန့်ပေးထားတယ်လို့ ၎င်းက ပြောပါတယ်။
“ခွင့်ပြုမိန့်တော့ ရပါပြီ၊ ဒီနေ့ ၁ နာရီလောက်မှာ ပြုလုပ်မှာပါ။ အခုလေးတင်ပဲ ခွင့်ပြုကြောင်း အကြောင်းကြားလို့ အခု ခွင့်ပြုချက်သွားယူနေပါပြီ” ဟု မိုက်ကယ်ကျော်မြင့်က ပြောသည်။
အဆိုပါ ထောက်ခံပွဲကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီဖြင့်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီပွဲရဲ့ အဓိကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံက သခင်မျိုးဟေ့ ဒို့ဗမာဆိုတဲ့အတိုင်း ကျွန်တော်တို့က သခင်နိုင်ငံ ကျွန်နိုင်ငံမဟုတ်ဘူး၊ ဒါကြောင့် လက်ရှိအခြေအနေမှာ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ကျွန်တော်တို့ တိုင်းပြည်ကို စော်ကားတဲ့ ပြည်ပစွက်ဖက်မှုတွေကို လက်မခံတဲ့အကြောင်း အကြမ်းဖက်မှုတွေကို လက်မခံတဲ့အကြောင်း တပ်မတော်နဲ့အတူ ပြည်သူပြည်သားအားလုံး တစ်သားထဲရှိကြောင်း ဒါကို သိစေချင်လို့ ပြုလုပ်တာဖြစ်ပါတယ်” ဟု မိုက်ကယ်ကျော်မြင့်က ပြောသည်။
အောက်တိုဘာ ၂၅ ရက်နေ့၌ တပ်မတော်ထောက်ခံပွဲကို မန္တလေးတိုင်းဒေသကြီးနှင့် မိတ္ထီလာမြို့နယ်၊ ပြင်ဦး လွင်မြို့နယ်၊ အောင်မြေသာစံမြို့နယ်များတွင် တစ်ရက်ထဲ ကျင်းပပြုလုပ်ခဲ့သည်။
#PeopleMedia #မိုက်ကယ်ကျော်မြင့်
(unicode)
………………………………………………………………
မိုကျကယျကြောျမွင့ျဦးစီး၍ မန်တလေးမွို့၊ နနျးကြုံးအနီး၌ တပျမတောျထောကျခံပှဲပွု ယနေ့ ပွုလုပျသှားမယျလို့ မိုကျကယျကြောျမွင့ျက People Media ကို ပွောပါတယျ။