• Follow Us on

Home မိုက်ခရိုဆော့ဖ်နဲ့ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုပမာဏ ဆက်လက်ဆွေးနွေးဆဲဖြစ်

မိုက်ခရိုဆော့ဖ်နဲ့ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုပမာဏ ဆက်လက်ဆွေးနွေးဆဲဖြစ်

Share this post

နိုင်ငံတကာ၊ မေ ၄

 

ပထမဦးဆုံးဒေသတွင်း data center ကို ထိုင်းနိုင်ငံမှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ကြေညာထားပေမဲ့ ၈ လကြာ ဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမယ့်ပမာဏကို ဆက်လက်ဆွေး နွေးနေဆဲပဲရှိသေးကြောင်း အစိုးရအိမ်တော်သတင်းရင်းမြစ်က ပြောကြားလိုက်ပါတယ်။

 

ထိုင်းနိုင်ငံနဲ့မတူတာက လေးနှစ်ကြာရင်းနှီးမြှုပ်နှံမှုအကြောင်းထုတ်ပြန်ကြေညာခြင်းမပြုခင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီဟာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ နှစ်ပေါင်းများစွာ စေ့စပ်ညှိနှိုင်းခဲ့ရတယ်လို့ အဆိုပါသတင်းရင်း မြစ်က ပြောပါတယ်။

 

ထိုင်းနိုင်ငံမှာ data center တစ်ခု ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ CEO ဆားတီးယား နတ်ဒယ်လ်လာက ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီတင်အပါအဝင် ပရိသတ်အများရှေ့မှာ ဗုဒ္ဓဟူးနေ့က ကြေ ညာခဲ့ပါတယ်။

 

အခုပြောဆိုချက်ဟာ အနာဂတ်ကာလ AI နည်းပညာနဲ့ ဒစ်ဂျစ်တယ်ဦးစားပေးလုပ်ငန်းတွေ တည်ထောင်ဖို့အ တွက် ထိုင်းအစိုးရနဲ့ အစောပိုင်းကာလက လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MOU) ပေါ် အခြေခံ ထားတာဖြစ်ပါတယ်။

 

ဒါပေမဲ့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီ CEO က ထိုင်းနိုင်ငံမှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတာ ထုတ်ဖော်ပြော ကြားခြင်းမရှိပါဘူး။

 

CEO နတ်ဒယ်လ်လာဟာ ကြာသပတေးနေ့ (မေလ ၂ ရက်နေ့) က မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ လေး နှစ်ကြာရင်းနှီးမြှုပ်နှံမှုအတွက် ဘတ်ဂျက် ဒေါ်လာ ၂.၂ ဘီလျံ အသုံးပြုသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

မလေးရှားနိုင်ငံမှာ ၃၂ နှစ်အတွင်း ကုမ္ပဏီတစ်ခုတည်းရဲ့ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် AI နဲ့ cloud အ ခြေခံအဆောက်အဦတွေကို တည်ဆောင်သွားမှာပြီး ဒေသခံ ၂၀၀,၀၀၀ ကိုလည်း AI လေ့ကျင့်သင်ကြားမှုတွေ မျှဝေပေးသွားမှာဖြစ်ပါတယ်။

 

ဗုဒ္ဓဟူးနေ့ (မေလ ၁ ရက်နေ့) ကတော့ CEO နတ်ဒယ်လ်လာဟာ အင်ဒိုနီးရှားမှာ လေးနှစ်ကြာရင်းနှီးမြှုပ်နှံမှုအ ဖြစ် ဒေါ်လာ ၁.၇ ဘီလျံ သုံးစွဲသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံမှာဆောင်ရွက်မယ့် ရင်းနှီးမြှုပ်နှံမှုထဲမှာ ဒေသခံ ၈၄၀,၀၀၀ ကို AI နည်းပညာတွေ သင်ကြား ပေးရေးနဲ့ အင်ဒိုနည်းပညာရှင်တွေကို ထောက်ပံ့ပေးရေးလည်း ပါဝင်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူဝါဒဟာ အကျပ်အတည်းကာလကြားထဲမှာ မရေမရာဖြစ်နေတဲ့အချိန်မှာ အိမ်နီးချင်း မလေးရှားနဲ့ အင်ဒိုနီးရှားက မိုက်ခရိုဆော့ဖ်ကုမ္ပဏီနဲ့ ဆွေးနွေးခဲ့တာ လွန်ခဲ့တဲ့လေးငါးနှစ်ကတည်း က ဖြစ်ကြောင်း ထိုင်းသတင်းရင်းမြစ်က ပြောပါတယ်။

 

အစိုးရစွမ်းရည်နဲ့ ဝန်ဆောင်မှုတွေ တိုးတက်ဖို့ နည်းလမ်းတစ်ရပ်အဖြစ် ထိုင်းဝန်ကြီးချုပ်ဆရက်ထာရဲ့ “cloud-first policy” ဟာ cloud အခြေခံအဆောက်အဦတည်ဆောက်ဖို့ ကတိကဝတ်ကို အဓိကအာရုံစိုက်ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ထိုင်းနိုင်ငံဟာ data center တစ်ခုတည်ဆောက်ဖို့ အလားအလာမရှိတဲ့ တိုင်းပြည်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန် တော်တို့နိုင်ငံဟာ အိမ်နီးချင်းတွေထက် နောက်ကျပြီးမှသာ စတင်ဆောင်ရွက်ခဲ့ပါတယ်။” လို့ အဆိုပါသတင်း ရင်းမြစ်က ပြောပါတယ်။

 

Ref: Microsoft and Thailand still talking on size of investment: source

 

#PeopleMedia


Share this post