• Follow Us on

Home မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွဆေးပြားအရေအတွက် (၆၅) သိန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွဆေးပြားအရေအတွက် (၆၅) သိန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်တောင်ပေါ်ကျေးရွာအုပ်စု ပုံတပ်ကျေးရွာမှ ပါဟိုး ကျေးရွာသွားလမ်းဘေးရှိ နေအိမ်တစ်အိမ်မှ စိတ်ကြွဆေးပြား အရေအတွက် (၆၅) သိန်းနှင့် လက်နက်ခဲယမ်း များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ မိုင်းတွမ်တောင်ပေါ်ကျေးရွာအုပ်စု ပုံတပ်ကျေးရွာမှ ပါဟိုး ကျေးရွာသွား လမ်းဘေးရှိ ဦးအားချာ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့သည်။

 

ထိုသို့ရှာဖွေရာတွင် မူးယစ်ဆေးဝါးရောင်းချသူ တရားခံ (၂)ဦးနှင့်အတူ စိတ်ကြွဆေးပြား အရေအတွက် (၆၅) သိန်း ( ကာလတန်ဖိုး သိန်း ၂၆၀၀၀ခန့်)၊ ပွိင့်၂၂ သေနတ် (၄)လက်၊ M-16 သေနတ် (၁)လက်၊ ပြောင်းချော သေနတ် (၂)လက်၊ M-16 ကျည် (၂၂)တောင့်၊ ပွိုင့် ၂၂ ကျည်အိမ် (၃)ခု၊ AK ကျည် (၅)တောင့်၊ M-16 ကျည် အိမ် (၁၃)ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 

#PeopleMedia


Share this post