မိုင်းလားမြို့ပေါ်တွင် COVID-19 ရောဂါ ကျန်းမာရေးထောက်ခံချက်မရှိဘဲ နေထိုင်ပါက ဒဏ်ငွေဆောင်ရမည်

PUBLISHED - August 17, 2021
နေပြည်တော်၊ သြဂုတ် ၁၇ (People Media)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားမြို့အတွင်း COVID-19 ရောဂါ ကျန်းမာရေးထောက်ခံ ချက်မရှိဘဲ နေထိုင်ပါက ဒဏ်ငွေပေးဆောင်ရမည်ဟု NDAA မှ ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက်ကာကွယ်တားဆီးနိုင် ရန် မြို့တွင်းနေထိုင်သူတွေအနေနှင့် မိမိငှားရမ်းထားသည့်အခန်းမှ အခန်းပြောင်းရွှေ့နေထိုင်မည်၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင် တည်းခိုနေထိုင်မည်ဆိုပါက အထူးဒေသ (၄) ကျန်းမာရေးကတ်ပြားနှင့် သက်ဆိုင်ရာ နယ် မြေအလိုက် အုပ်ချုပ်ရေးရုံးများတွင် ထောက်ခံစာသွားရောက်ထုတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ယင်းသက်ဆိုင်ရာအုပ်ချုပ်ရေးရုံး၏ ထောက်ခံစာမပါရှိဘဲ နေထိုင်သည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေပေး ဆောင်ရမည်ဖြစ်ကြောင်း သြဂုတ်လ ၁၅ ရက်နေ့တွင် မိုင်းလားအထူးဒေသ-၄ (NDAA) မှထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ-၄ နယ်မြေကို တပ်မတော်နှင့် ငြိမ်းချမ်းရေးယူထားသည့် အမျိုးသားဒီမို ကရက်တစ်မဟာမိတ် (NDAA) မှ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။
#PeopleMedia #မိုင်းလားအထူးဒေသ၄ #NDAA
(unicode)
……………………………………………………………………