မိုင်းဆတ်မြို့နယ်တွင် သိန်း ၇၀၀၀ ကျော် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
PUBLISHED - December 11, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် သိန်း ၇၀၀၀ ကျော် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၆နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက် သေများနှင့်အတူ မိုင်းဆတ်မြို့နယ်၊ ကောင်းမူးကျေးရွာနေ မဝင်းနွဲ့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉.၈ သိန်း)နှင့် ဘိန်းဆီခဲအလေးချိန် ၃.၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၀၀၀)တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၈၁၅ အချိန် ရဲထက်ပိုင် အား မိုင်းဆတ်မြို့နယ်၊ ပူနားကို ကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၈ သိန်း)နှင့် အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မဝင်းနွဲ့(၄၂)နှစ် နှင့် ရဲထက်ပိုင်(၂၆)နှစ်တို့အား မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေး ယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia