• Follow Us on
Latest News

Home မိုင်းထောင်နေသည့် PDF တစ်ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုင်းထောင်နေသည့် PDF တစ်ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ မုံရွာ-စစ်ကိုင်းကားလမ်းမကို မိုင်းထောင်နေသည့် PDF တစ်ဦးကို လုခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်ရာ သေဆုံးပြီး ၎င်း၏ လက်နက်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၁၅ ရက် နံနက် ၁၁ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့များမှ မုံရွာမြို့ရှိ မြေနဲကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေစဉ်အတွင်း မုံရွာ-စစ်ကိုင်းကားလမ်းမတွင် မိုင်းထောင်ရန်ပြင်ဆင်သည့် PDF တစ်ဦးကို ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 

ထိုပစ်ခတ်ခံရသည့် PDF (၁) လောင်း၊ Remote Control ၂၊ ကီးပတ်ဖုန်း ၁ လုံးနှင့် လက်လုပ်ပစ္စတို ၁ လတ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post