မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင် ၈၁ ခု ပျက်စီးဆုံးရှုံး
PUBLISHED - November 28, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၈
အကြမ်းဖက်အဖွဲ့များ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်အထိ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၈၁ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ယင်းသို့ အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များအား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းများသည် မိုက်မဲသောလုပ်ရပ်များဖြစ်ပြီး နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်မီးနေ့စဉ်အသုံးပြုလျက်ရှိသည့် ပြည်သူလူထုအတွက် များစွာထိခိုက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia