• Follow Us on
Latest News

Home မိုင်းပေါက်ကွဲမှုကြောင့် အသက် (၈) နှစ်အရွယ် ကလေးတစ်ဦး မိုင်းစထိမှန်၍ ဒဏ်ရာရ

မိုင်းပေါက်ကွဲမှုကြောင့် အသက် (၈) နှစ်အရွယ် ကလေးတစ်ဦး မိုင်းစထိမှန်၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့၊ ရွေးစုကျေးရွာနှင့် လက္ကောင်းလေးရွာ လမ်းကြားတွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် (၈) နှစ်အရွယ် ကလေးတစ်ဦး မိုင်းစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၉ ရက်နေ့တွင် ရွေးစုကျေးရွာမှ မတ္တရာမြို့သို့ ဈေးဝယ်သွားသည့် မိသားစုဝင် (၃) ဦး မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်မှာ ရွေးစုကျေးရွာနှင့် လက္ကောင်းလေးရွာအကြားအရောက်တွင် PDF များထောင် ထားသည့် မိုင်းမှာ ပေါက်ကွဲ၍ အသက် (၈) နှစ်အရွယ် ကလေးတစ်ဦး မိုင်းထိမှန်ခဲ့ကြောင်း သိရသည်။

 

ထိုမိုင်းပေါက်ကွဲမှုကြောင့် အသက် (၈) နှစ်အရွယ် မသံစဉ်ဖူးကျော် ညာဘက်ပါးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ညာ ဘက်ပေါင်ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ လက်ဝဲ/လက်ယာ ခြေသလုံးပွန်းပဲ့၍ (မစိုးရိမ်ရ) သည့် ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဖခင်ဖြစ်သူ ဦးလမင်း၊ မိခင်ဖြစ်သူ ဒေါ်မြမြမိုးတို့မှာ ထိခိုက်မှုမရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post