• Follow Us on
Latest News

Home မိုင်းယောင်းမြို့တွင် ရွှေဆိုင်ဓါးပြတိုက်ခံရ၊ ဓါးပြတိုက်သည့်သူများမှ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး ပြီး ၁ ဦး ဒဏ်ရာရ

မိုင်းယောင်းမြို့တွင် ရွှေဆိုင်ဓါးပြတိုက်ခံရ၊ ဓါးပြတိုက်သည့်သူများမှ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး ပြီး ၁ ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဧပြီ ၉

 

ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့ရှိ ရပ်ကွက်(၈) ဟိုခိုရပ်ရှိ ဈေးအနီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်က နဝရတ်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ဓားပြတိုက်သည့်သူများမှ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မိုင်းယောင်းမြို့ ရပ်ကွက်(၈) ဟိုခိုရပ်ရှိ ဈေးအနီးရှိ ဧဝရတ်ရွှေဆိုင်ကို လက်နက်ကိုင်ဆောင်ထား သည့် အကြမ်းဖက်သမား (၄) ဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို သေနတ်ပစ်ခတ် ခြိမ်းခြောက်ကာ ရွှေထည့်ထားသည့် ဗန်းများအတွင်းက ရွှေထည်ပစ္စည်းများကို လုယူပြီး ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်သွားခဲ့ကြောင်း သိရသည်။

 

“သေသွားတဲ့ အမျိုးသမီးက အသံတွေ ဆူညံနေလို့ သွားကြည့်မိတာ ထိသွားတာ။ ဆိုင်ရှင်ကလည်း ဝင်ပုန်းတာ ကို ပစ်သွားတာ ခြေထောက်ကို ထိသွားတယ်။”ဟု ရပ်ကွက် နေထိုင်သူတစ်ဦးက ပြောသည်။

 

အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် အသက် ၃၀၀န်းကျင်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး နေရာ တွင် သေဆုံးခဲ့ကာ ဆိုင်ရှင်မှာလည်း ခြေထောက် ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များကို ဆောင်ရွက်နေ လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post