မိုင်းရှူးမြို့တွင် ကျောင်းဆရာမတစ်ဦး ရိုက်နှက်မှုကြောင့် အသက် (၇) နှစ်အရွယ် ကျောင်းသူလေးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ၍ ဆေးရုံတက်ရောက် ကုသမှုခံယူနေရ

PUBLISHED - October 13, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၊ ဟိုနမ့်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆရာမ တစ်ဦး ရိုက်နှက်မှုကြောင့် အသက် (၇) နှစ်အရွယ် ကျောင်းသူလေးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ၍ ဆေးရုံ တက်ရောက်နေရကြောင်း သိရသည်။
အောက်တိုဘာလ ၁၁ ရက် နံနက် ၁၁ နာရီကျော်တွင် ဟိုနမ့်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၇) နှစ်အရွယ် ကျောင်းသူလေးတစ်ဦးမှာ စာဖြေရာတွင် ကြန့်ကြာနေသော ကြောင့် ကျောင်းဆရာမမှ ယင်းကလေးကို ရိုက်နှက်ရာမှ ကလေးမျက်နှာတစ်ခုလုံး ဖူးရောင်ပြီး၊ ဒဏ်ရာများမှာ ပြင်းထန်မှုရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းရိုက်နှက်ခံရ၍ ဒဏ်ရာပြင်းထန်မှုရရှိမှုကြောင့် အသက် (၇) နှစ်အရွယ် ကျောင်းသူလေးမှာ ခိုလမ်မြို့ရှိ ကုတင် (၈၀) စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ထိုကလေးငယ်ကို ခိုလန်မြို့ရှိ ဒေသခံလူမှု ကူညီရေးအဖွဲ့မှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia