• Follow Us on
Latest News

Home မိုင်းရှူးမြို့နယ်ရှိ တရားမဝင်ငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိကြောင်း SSPP/SSA ထုတ်ပြန်

မိုင်းရှူးမြို့နယ်ရှိ တရားမဝင်ငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိကြောင်း SSPP/SSA ထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၂၅

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ဝင်ရောက်ဖမ်းဆီးရာ တရားမဝင်တရုတ်နိုင်ငံသားအချို့နှင့် ငွေလိမ်လုပ်ငန်း ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

မိုင်းရှူးမြို့နယ်၊ တောတွင်းတစ်နေရာတွင် တရားမဝင် ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်စု ရောက်ရှိနေကြောင်း သတင်းရရှိ၍ မတ်လ(၂၃) ရက်နေ့ နံနက်အစောပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီမှ ၎င်းငွေလိမ်ဂိုဏ်းအား ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသားအချို့နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ၊ I Pad၊ ကွန်ပျုတာမျိုးစုံတို့ အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါဖမ်းဆီးရမည့်သည့် တရုတ်နိုင်ငံသားများသည် သက်ဆိုင်ရာတရုတ်နိုင်ငံသို့ ပြန်လည်လွဲပြောင်းပေးမှာ ဖြစ်ကြောင်း၊ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပါဝင်ပါတ်သက်ကြောင်းသိရှိပါက ထိရောက်စွာဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း SSPP/SSA မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post