မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်း ကင်ဆာရောဂါဖြင့် သေဆုံး
PUBLISHED - August 9, 2024
နေပြည်တော်၊ သြဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်း ယမန်နေ့က ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။
ဦးစိုင်းလင်းသည် တရုတ်နိုင်ငံ၊ ကွမ်ဂျိူးမြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေစဉ် ကင်ဆာရောဂါဖြင့် သေဆုံးခဲ့ပြီး အသက် ၈၈နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဦးစိုင်းလင်းသည် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) ကို တည်ထောင်ခဲ့သူဖြစ်ပြီး ၎င်းသည် MNDAA တည်ထောင်ခဲ့သူ ဖုန်ကြားရှင်၏ သားမက်တော်စပ်သူဖြစ်သည်။
#PeopleMedia