မိုင် ၁၂၀၀ အထိ ပစ်ခတ်နိုင်တဲ့ AGM-158B-2 ဝေဟင်-မြေပြင်ပစ် ဒုံးကျည်တွေ ပိုလန်နိုင်ငံကို ရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန ခွင့်ပြု
PUBLISHED - March 13, 2024
နိုင်ငံတကာ၊ မတ် ၁၃
ပိုလန်နိုင်ငံကို ဒေါ်လာ ၁.၇၇ ဘီလျံတန်ကြေးရှိ AGM-158B-2 ဝေဟင်-မြေပြင်ပစ် ဒုံးကျည် ၈၂၁ စင်း ရောင်း ချပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ (မတ်လ ၁၂ ရက်နေ့) က ခွင့်ပြုလိုက်ပါတယ်။
“ပိုလန်နိုင်ငံအတွက် ဒေါ်လာ ၁.၇၇ ဘီလျံတန်ကြေးရှိတဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးတိုးချဲ့ထားတဲ့ AGM-158B-2 ဝေဟင်-မြေပြင်ပစ် ဒုံးကျည်တွေ၊ လော်ဂျစ်စတစ်နဲ့ စီမံချက်ထောက်ပံ့ရေးပစ္စည်းတွေ ရောင်းချပေး နိုင်ရေးအတွက် ထောက်ခံဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ကာကွယ်ရေး/လုံခြုံရေး ပူး ပေါင်းဆောင်ရွက်မှုအေဂျင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“အဆိုပြုထားတဲ့ ရောင်းချရေးအစီအစဉ်အရ ပိုလန်လေတပ်အတွက် ခေတ်မီတာဝေးပစ် တိုက်ခိုက်ရေး လက် နက်စနစ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်တဲ့အတွက် လက်ရှိခြိမ်းခြောက်မှုတွေနဲ့ အနာဂတ်ကာလခြိမ်းခြောက် မှုတွေကို ရင်ဆိုင်ရာမှာ ပိုလန်နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။” ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အမေရိကန်ပူးတွဲတပ်ပေါင်းစုတွေနဲ့ တခြားဒေသတွင်းအဖွဲ့တွေ၊ နေတိုးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပူးတွဲဆောင် ရွက်နေတဲ့ ပိုလန်လေ တပ်ရဲ့ အဆင့်မြင့်ပြီးသားအဆင့်ကို ခေတ်မီအောင် ထပ်မံမြှင့်တင်လိုက်တာပဲဖြစ်ပါ တယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
AGM-158B-2 ဒုံးကျည်ဟာ ပေါင် ၂၀၀၀ အလေးချိန်ရှိတဲ့ ဒုံးကျည်ဖြစ်ပြီး မိုင် ၁၂၀၀ (၁၉၃၁ ကီလိုမီတာ) အ ကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်လာ ၁.၆၉ ဘီလျံ တန်ကြေးရှိ AIM-120C-8 ဝေဟင်-ဝေဟင် တာလတ်ပစ်ဒုံးကျည် ၇၄၅ စင်းကို လည်း ပိုလန်နိုင်ငံကို ရောင်းချသွားဖို့ ခွင့်ပြုခဲ့ကြောင်း ကာကွယ်ရေး/လုံခြုံရေး ပူး ပေါင်းဆောင်ရွက်မှုအေ ဂျင် စီက ပြောပါတယ်။
အဆိုပြုထားတဲ့ စစ်လက်နက်ပစ္စည်းရောင်းချရေးအစီအစဉ်နှစ်ခုစလုံး အခုအချိန်မှာ အမေရိကန်ကွန်ဂရက် လွှတ်တော်ထဲမှာ အစစ်ဆေးခံသွားမှာဖြစ်ကြောင်း သိရပါတယ်။
ပိုလန်နိုင်ငံအနေနဲ့ ရုရှားရဲ့ တိုက်ရိုက်သူမဟုတ်သလို အရေးပေါ် အန္တရာယ်ရှိလာနိုင်တဲ့နိုင်ငံလည်း မဟုတ် ကြောင်း ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်လ်ထပ်စ်ခ်က TVN24 နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
“ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတေါ၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် ပိုလန်အပါအဝင် နေတိုးအရှေ့ဖျား စစ်တောင်ပံ့အတွက် ငြိမ်းချမ်းရေးယူလာမယ့်နိုင်ငံမဟုတ်သလို အနာဂတ်မှာလည်း ငြိမ်းချမ်းစွာဆက်ဆံမယ့် နိုင်ငံမဟုတ်ဘူးဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ရုရှားနိုင်ငံဟာ နေတိုးအဖွဲ့နဲ့ တိုက်ရိုက်စစ်မက်ဖြစ်ပွားဖို့ ဆုံးဖြတ်မယ့်အခြေအနေမျိုး အလွန့်အလွန်ကို နည်းပါးပါတယ်။” လို့ ၎င်းက ပြောပါ တယ်။
ဒါပေမဲ့ နေတိုးအဖွဲ့ရဲ့ လက်တွေ့ကျကျဆောင်ရွက်နေတဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို ရပ်တန့်လိုက်မယ်ဆိုရင် တော့ ရုရှားနိုင်ငံနဲ့ စစ်ဖြစ်ဖို့ အလွန် နီးစပ်သွားမှာဖြစ်ကြောင်း ၎င်းက သတိပေးလိုက်ပါတယ်။
Ref: US approves potential sale of $1.77B worth of air-to-surface missiles to Poland
#PeopleMedia