မိုဒါးနားကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သန်း ၂၀ ဖိလစ်ပိုင်ဝယ်ယူမည်

PUBLISHED - January 19, 2021
မနီလာ၊ ဇန်နဝါရီ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မိုဒါးနားကုမ္ပဏီကထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သန်း ၂၀ ဝယ်ယူမည်ဟု ဖိလစ်ပိုင်သမ္မတ ပြောခွင့်ရသူ ဟယ်ရီ ရိုကေးက အင်္ဂါနေ့တွင်ပြောသည်။
ယခုဝယ်ယူမှုကြောင့် ဖိလစ်ပိုင်နိုင်ငံသည် အက်စထရာဇီနီကာ၊ နိုဗာဗက်က်စ်နှင့် ဆင်နိုဗက်က်စ်ကုမ္ပဏီများ ထံမှဝယ်ယူမှုများအပါအဝင် ဆေး ၇၂ သန်းဝယ်ယူထားသည်။
ပြီးခဲ့သည့်တပတ်တွင် အက်စထရာဇီနီကာဆေး သန်း ၂၀ ကို ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူခဲ့သည်။
ဖိလစ်ပိုင်သည် အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားနိုင်ငံနောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။
Ref : Philippines to buy 20m doses of Moderna’s Covid-19 vaccine
#PeopleMedia
(unicode)
………………………………………..
Ref : Philippines to buy 20m doses of Moderna’s Covid-19 vaccine
#PeopleMedia