မိုးကုတ်မြို့နယ်တွင် TNLA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သည့် မူလတန်းကျောင်းအုပ်ဆရာမ တစ်ဦးကို ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူမူပြုလုပ်
PUBLISHED - January 12, 2021
ရန်ကုန်၊ ဇန်နဝါရီ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် တောတွင်းလက်နက်ကိုင်အဖွဲ့အစည်း(၁)ဖွဲ့နှင့် ပတ်သက်ဆက် နွယ်သည့် မှုလတန်းကျောင်းအုပ်ဆရာမတစ်ဦးအား ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၁၂ ရက်မှ ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမတစ်ဦးသည် ၂၀၂၀ ပြည့်နှစ်အတွင်း TNLA တောတွင်းလက်နက်ကိုင် အဖွဲ့ဝင်တစ်ဦးနှင့် လူမှုရေး ပတ်သက်ဆက်နွယ်မှုများ ရှိခဲ့ပြီး တယ်လီဖုန်းဖြင့်လည်းကောင်း၊ Viber ဖြင့်လည်းကောင်း၊ လူမှုကွန်ရက်စာမျက်နှာ Facebook Account ဖြင့်လည်းကောင်း၊ Messenger ဖြင့်လည်းကောင်း ဖုန်းခေါ်ဆိုခြင်း၊ အပြန်အလှန်စာပို့ခြင်း၊ Video Call ခေါ်ဆို ခြင်းတို့ဖြင့် နေ့စဉ်ဆက်သွယ်ခဲ့ကြောင်းထုတ်ပြန်ထားသည်။
ထို့အပြင် တောတွင်းနေရာအချို့တွင် လူချင်းတွေ့ဆုံဆက်သွယ်ခြင်း၊ တောတွင်းလက်နက်ကိုင်အဖွဲ့အတွက် အစားအသောက်နှင့် အသုံးဆောင်ပစ္စည်းများပေးပို့ခြင်း၊ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာ မှုများနှင့် စခန်းချရပ်နားမှုအခြေအနေများကို ဆက်သွယ်သတင်းပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ပါဝင်သည်။
ထိုသို့အပြန်အလှန် ဆက်သွယ်သည့် ဖုန်းအမှတ်၊ လူမှုကွန်ရက် Facebook Account များ၊ Viber၊ Messenger တို့တွင် အပြန်အလှန် ဆက်သွယ်ပြောဆိုမှုမှတ်တမ်းများကို ၎င်းကိုင်ဆောင်သည့် တယ်လီဖုန်းအတွင်းမှ စိစစ်ဖော်ထုတ်ရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
#PeopleMedia #TNLA #မိုးကုတ်
(unicode)
………………………………………………….