မိုးကုတ်မြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

PUBLISHED - September 17, 2021
မန္တလေး၊ စက်တင်ဘာ ၁၇ (People Media)
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရွှေဂူရပ်ကွက်၌ နေထိုင်သည့် အရန်မီးသတ်တပ်ဖွဲ့တစ်ဦးသည် စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းအချိန်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အရန်မီးသတ်တပ်ဖွဲ့ဝင်ဖြစ်သူသည် အိမ်ရှေ့ ကွမ်းယာဆိုင်၌ရှိနေစဉ် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦး က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသေဆုံးသူ ကိုအောင်ကျော်စိုးမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် မည်သည့်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကိုမူ မသိရှိရသေးပေ။
ထို့အတူ စက်တင်ဘာလ ၄ ရက်နေ့၌ မိုးကုတ်မြို့ ဈေးအတွင်း၌ ကြက်ဥ/ဘဲဥ ရောင်းချနေသည် လင်မ ယားနှစ်ဦး (ပြည်ခိုင်ဖြိုးပါတီဝင်)သည် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသည်။
#PeopleMedia #မိုးကုတ်
(unicode)
………………………………………………………………..
မန်တလေး၊ စကျတငျဘာ ၁၇ (People Media)