• Follow Us on
Latest News

Home မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်တွင် မြေပြိုမှုကြောင့် အမျိုးသမီး (၃) ဦးသေဆုံး၊ ကျန်ရှိသူများကို ဆက် လက်ရှာဖွေနေရ

မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်တွင် မြေပြိုမှုကြောင့် အမျိုးသမီး (၃) ဦးသေဆုံး၊ ကျန်ရှိသူများကို ဆက် လက်ရှာဖွေနေရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၄ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်၊ အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့နံနက် ၆ နာရီ ၄၀ မိနစ်အချိန်က မြေပြိုမှုဖြစ်ပွားခဲ့ခြင်းကြောင့် အမျိုးသမီး (၃) ဦး သေဆုံးခဲ့ပြီး ကျန်ရှိ သူများကို ဆက်လက်ရှာဖွေနေရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ၇ နာရီ ၃၅ မိနစ်အချိန်တွင် မ (၃) ဦး (သေဆုံး) အား ရှာဖွေတွေ့ရှိခဲ့ပြီး လောကဟိတ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြေပြိုသည့်နေရာအား လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်တွင် နေအိမ်သုံးလုံး ပျက်စီးခဲ့ပြီး လူတော်တော်များများလည်း ပျောက်ဆုံးနေသေးကြောင်း သိရသည်။

 

#PeopleMedia #မိုးကုတ်မြို့ #သဘာဝဘေး

 

(unicode)


………………………………………………………………….

 


 


 


 


 


 



Share this post