မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာတွင် PDF များ သတ်ဖြတ်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံး

PUBLISHED - November 9, 2023
နေပြည်တော်၊ နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာတွင် နိုဝင်ဘာလ ၇ ရက်နေ့၌ PDF များ သတ်ဖြတ်မှု ကြောင့် အမျိုးသား ၂ ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာနေ ဦးစိုးမြင့် (၅၃) နှစ်နှင့် ဦးမျိုးဝင်း (၄၂) နှစ်တို့သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား ၈ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးစိုးမြင့်တွင် ဦးခေါင်း ကျည် ဖောက်ဝင်ဒဏ်ရာတစ်ချက်အပါအဝင် ဒဏ်ရာ ၄ချက်ရရှိခဲ့ပြီး၊ ဦးမျိုးဝင်းတွင် ရင်ဘတ်ကျည်ဖောက်ဝင် ဒဏ်ရာများရရှိခဲ့၍ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။
#PeopleMedia