မိုးကောင်းမြို့နှင့် ပူတာအိုမြို့တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပွဲပြုလုပ်
PUBLISHED - February 21, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယမန်နေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မြို့တော် ခန်းမရှေ့နှင့် ပူတာအိုမြို့၊ ပန်းလှိုင်ရပ်ကွက်၊ ဘောလုံးကွင်းတို့၌ အသီးသီးပြုလုပ်ကြသည်။
ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက သတ်မှတ်နေရာအသီးသီး၌ စုဝေး ကြပြီး ကျင်းပမည့်နေရာအသီးသီးသို့ ချီတက်ထောက်ခံကြသည်။
ချီတက်ရာလမ်းတစ်လျှောက်တွင် ဒေသခံမျိုးချစ်ပြည်သူများက နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ် သည်၊ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည် စသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာ အသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော် ဟောပြော ခဲ့ပြီး ကြိုဆိုထောက်ခံပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြသည်။
#PeopleMedia