• Follow Us on

Home မိုးကောင်းမြို့၊ ရေရှင်ကျေးရွာ ရပ်/ကျေး တာဝန်ခံတစ်ဦး အသတ်ခံရ

မိုးကောင်းမြို့၊ ရေရှင်ကျေးရွာ ရပ်/ကျေး တာဝန်ခံတစ်ဦး အသတ်ခံရ

Share this post

မိုးကောင်း၊ အောက်တိုဘာ ၆

 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊  ရေရှင်ကျေးရွာ ရပ်/ကျေး တာဝန်ခံတစ်ဦးအား ယမန်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

 

ရေရှင်ကျေးရွာတွင် ရပ်/ကျေးတာဝန် ထမ်းဆောင်နေသည့် အမျိုးသားအား အမည်မသိ လူတစ်စုမှ ၎င်း၏ အိမ်ဝန်းအတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ကျေးရွာနေ ပြည်သူများက ဆိုသည်။

 

“ဦးထွန်းရင်က ဆန်စက်ထောင်ထားတာလည်း ဟုတ်တယ်။ ရပ်ကျေး ဥက္ကဌလည်း ဖြစ်တယ်။ မနေ့ ည ၇ နာရီလောက်မှာ သေနတ်သမားအဖွဲ့က သူခြံဝန်းအထဲထိ ကားနဲ့ဝင်ပြီး သေနတ်နဲ့ သုံးချက် ပစ်သတ်ခဲ့လို့ သေဆုံးသွားတာဖြစ်တယ် “ဟု ၎င်းက ရှင်းပြသည်။

 

အဆိုပါ သေဆုံးသူသည် အသက် (၅၀) ကျော် ဦးထွန်းရင်ဆိုသူဖြစ်ပြီး ယမန်နေ့ ည ၇ နာရီအချိန်တွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ သုံးချက်ဖြင့် ၎င်း၏ ခြံဝန်းအတွင်း သေဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

 

မိုးကောင်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၁၉) ရက်‌နေ့ကလည်း ကျောင်းပို့၊ ကျောင်းကြို တာဝန်ယူနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း မိုးကောင်း PDF အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်လုပ်ကြံခဲ့မှုများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

 

မြတ်မင်း

 

#PeopleMedia


Share this post