• Follow Us on

Home မိုးကောင်းမြို့ ၈ မိုင် လမ်းဟောင်းတွင် KIA၊ PDF လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ခံ

မိုးကောင်းမြို့ ၈ မိုင် လမ်းဟောင်းတွင် KIA၊ PDF လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ခံ

Share this post

မြစ်ကြီးနား၊ ဩဂုတ် ၄

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၈ မိုင်လမ်းဟောင်းတွင် KIA၊PDF လက်နက်ကိုင်အဖွဲ့မှ ယမန်န့ နေ့လည်ပိုင်းအချိန်က လူအင်အား အပြည့်အစုံဖြင့် ခရီးသွားပြည်သူများထံမှ အဓမ္မ ဆက်ကြေး ကောက်ခံနေကြောင်း သိရသည်။

 

မိုးကောင်းမြို့နယ် ၈ မိုင် လမ်းဟောင်းအနီးရှိ ကျေးရွာများမှ တောင်သူလယ်သမားများထံတွင်လည်း ယမန်နေ့ ညနေပိုင်းအချိန်က ရိက္ခာနှင့် ငွေပေးဆောင်ရန် တောင်သူလယ်သမားများကို အတင်းအကြပ် တောင်းခံနေ ကြောင်း မီးသွေးကုန်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

 

“မနေ့ကထဲက လူအင်အား လက်နက်အင်အားအပြည့်အစုံနဲ့ ဆက်ကြေးကောက်နေတယ်။ ၈ မိုင်လမ်းဟောင်း ဘက်မှာ။ အဲ့လမ်းက ကာမိုင်း၊ မိုးညှင်း၊ လက်ဝါးဘက်ကို သွားလာလို့ရတဲ့ နေရာဟုတ်တယ်။ ပြီးတော့ ကျေးရွာ အတွင်းက လယ်သမားတွေအားလုံး KIA ကို ဆန်တစ်တင်းနဲ့ ဆား၊ ငွေပေးရမယ်လို့ ကြိမ်းမောင်းပြောဆိုသွား တယ်” ဟု ၎င်းက ရှင်းပြသည်။

 

KIA၊ PDF လက်နက်ကိုင်အဖွဲ့သည် ယခုလအတွင်း၌ ဖားကန့်၊ ချီဖွေ၊ ကံပိုင်တည်၊ ဗန်းမော်သွားလမ်းတို့တွင် လူအင်အား၊ လက်နက်အင်အားတို့ဖြင့် ဆက်ကြေးကောက်ခံခြင်း၊ လူသစ်ဆွဲခြင်းတို့အား ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြောင်း သိရသည်။

 

ယင်းအပြင် အစိုးရဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့အား ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်လျက်ရှိပြီး၊ အဆိုပါ လုပ်ဆောင်နေခြင်းအပေါ် တပ်မတော်မှ ထိထိရောက်ရောက် နှိမ်နင်းပြုလုပ်ပေး ရန် ဒေသခံပြည်သူများက လိုလားနေသည်။

 

“နိုင်ငံရေးက မကောင်း။ စီးပွားရေးက အဆင်မပြေ။ ကုန်ဈေးနှုန်းတွေက အကုန်ကြီး။ ဒီကြားထဲ KIA က တစ်မျိုး။ ပြည်သူတွေမှာ ခက်ခဲနေလည်း ဘယ်လက်နက်ကိုင်မှ မငဲ့ကြဘူး။ သူတို့ အဆင်ပြေဖို့ပဲ လုပ်နေ ကြတယ်။ အဲ့ဒါတွေကို တားစီးပေးဖို့ တပ်မတော်က ကြပ်မတ်ဆောင်ရွက်ပေးဖို့ လိုတယ်” ဟု ခရီးသွားပြည် သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

 

ကချင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ခရီးသွားပြည်သူ များအနေဖြင့် ခက်ခဲခြင်း၊ အစိုးရစာသင်‌ကျောင်းတချို့ ပိတ်ထားရသည့်အတွက်စာမသင်ရသည့် ကျောင်းသား၊ ကျောင်းသူအများအပြား ပညာရေးနှောင့်နှေးနေမှုများရှိနေကြောင်း သိရသည်။

 

ပိုင်ကြီး

 

#PeopleMedia


Share this post