မိုးခေါင်မှုကြောင့် ထိုင်းဒူးရင်းသီး ပြည်ပပို့ကုန်ကို ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်သူသတိပေး
PUBLISHED - May 14, 2024
နိုင်ငံတကာ၊ မေ ၁၄
မိုးခေါင်ပြီး ပူပြင်းတဲ့ရာသီဥတုက ထိုင်းသစ်သီးထုတ်လုပ်မှုကို ထိခိုက်စေတဲ့အတွက် ဗီယက်နမ်နိုင်ငံဟာ အခွင့် အလမ်းကောင်းတွေ ပိုမိုရရှိသွားနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
အခုနှစ်အတွင်း မိုးခေါင်နေတာဟာ ထိုင်းဒူးရင်းသီးထုတ်ကုန်တွေကို ဆိုးဆိုးရွားရွား ထိခိုက်မှာဖြစ်တဲ့အတွက် ဗီယက်နမ်က ဒူးရင်းသီးဈေးကွက်ကို လွှမ်းမိုးသွားလိမ့်မယ်လို့ Intelligent Research Consultancy ကုမ္ပဏီရဲ့ နိုင်ငံတကာစီးပွားရေးကျွမ်းကျင်သူနဲ့ အကြံပေးအရာရှိ တွဲဖက်ပါမောက္ခ ဒေါက်တာ အတ်ဖိဆန်ဝါနစ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်းဒူးရင်းသီးပို့ကုန်ဟာ ရော်ဘာနဲ့ ပီလောပီနံကို ကျော်လွန်ပြီး ဘတ်ငွေ ဘီလျံ ၁၄၀ ရရှိခဲ့တဲ့အ ထိ အဓိက ပြည်ပပို့ကုန်ဖြစ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံရဲ့ ထိပ်ဆုံးက ပြည်ပပို့ကန်ု ဆန်ထက် အနည်းငယ်သာလျော့ နည်းခဲ့ကြောင်း ၎င်းက ပြောပါတယ်။
ဒါပေမဲ့ မိုးခေါင်တဲ့အတွက်ရော ထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ရင် ထုတ်လုပ်မှုစရိတ်ထက်ဝက်သက်သာတဲ့ ဗီယက်နမ် နိုင်ငံနဲ့ ပြင်းထန်စွာယှဉ်ပြိုင်နေရတဲ့အတွက်ရော တဖြည်းဖြည်း ထုတ်လုပ်မှုလျော့ပါးလာတဲ့အတွက် လာမယ့် ငါးနှစ်မှာ ထိုင်းပြည်ပပို့ကုန်တန်ဖိုးကို ထိခိုက်နိုင်ကြောင်း အတ်ဖိဆန်ဝါနစ်က ပြောပါတယ်။
မိုးခေါင်မှုကို အစိုးရက ကိုင်တွယ်ဖြေရှင်းဆောင်ရွက်တာမလုပ်ဘူးဆိုရင် လာမယ့်ငါးနှစ်အတွင်း ထိုင်းဒူးရင်းသီး ထုတ်လုပ်မှုဟာ ၅၃% ကျဆင်းသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အခုနှစ်တစ်နှစ်တည်းတင် မိုးခေါင်မှုကြောင့် ဒူးရင်းသီးထုတ်လုပ်မှု ၄၂% ဒါမှမဟုတ် တန်ချိန် ၅၄၀,၀၀၀ ကျ ဆင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဒူးရင်းသီးထုတ်လုပ်မှု ၂၀၀% မြင့်တက်ခဲ့ကြောင်း အတ်ဖိ ဆန်ဝါနစ်က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ ဒူးရင်းသီးတန်ချိန် ၂၇၀,၀၀၀ ထုတ်လုပ်ခဲ့ရာကနေ ပြီးခဲ့တဲ့နှစ်က တန်ချိန် ၈၀၀,၀၀၀ အထိ ထုတ်လုပ်ခဲ့ပါတယ်။
အခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံက တရုတ်နိုင်ငံကို ဒူးရင်းသီးတန်ချိန် ၁၇,၉၀၀ သာ တင်သွင်းနိုင်ခဲ့ ပေမဲ့ ဗီယက်နမ်နိုင်ငံကတော့ တန်ချိန် ၃၆,၈၀၀ တင်သွင်းနိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် ဒူးရင်းသီးတန်ချိန် ၂၀၀,၀၀၀ လျော့နည်းပြီး တန်ချိန် ၈၀၀,၀၀၀ ဝန်းကျင် တရုတ်နိုင်ငံကို တင်ပို့နိုင်မယ်လို့ မျှော်လင့်ထားသလို ဗီယက်နမ်ကလည်း တန်ချိန် ၅၀၀,၀၀၀ ဝန်းကျင်တင် ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း အတ်ဖိဆန်ဝါနစ်က ပြောပါတယ်။
Ref: Drought will dry up Thailand’s durian exports, warns academic
#PeopleMedia