• Follow Us on
Latest News

Home မိုးညှင်းမြို့တွင် အမျိုးသားနှစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

မိုးညှင်းမြို့တွင် အမျိုးသားနှစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၃

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အောင်သပြေ(၁) ရပ်ကွက်၊ ရွှေသာလျောင်းဘုရားအနီးရှိ အရှေ့ ဘက်တောင်ပေါ်တွင် အမျိုးသားနှစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီအချိန်တွင် ရွှေသာလျောင်းဘုရားအနီးအရှေ့ဘက်တောင်ပေါ်တွင် အုတ်ကျင်ရပ်ကွက်တွင် နေထိုင်သည့် မိုးမင်းဇော်နှင့် စိစစ်ဆဲအမျိုးသားတစ်ဦးတို့ကို KIA / PDF များမှ သေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ သေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် မိုးမင်းဇော်(ခ) စစ်ကိုင်း၏ ဘယ်ဘက်ရင်အုံတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၃) ချက်နှင့် စိစစ်ဆဲ အမျိုးသားတစ်ဦး၏ ဘယ်ဘက်လက်ခုံတွင် ကျည်ဖောက် ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်ရင်အုံတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်တို့ ရရှိပြီး သေဆုံးသွားကြောင်း ရုပ်အလောင်း (၂) လောင်းကို မိုးညှင်းပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post