• Follow Us on
Latest News

Home မိုးညှင်းမြို့နယ်တွင် ခရီးသည်ယာဉ်ပေါ်တွင်လိုက်လာသည့် အမျိုးသမီး ၁ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မိုးညှင်းမြို့နယ်တွင် ခရီးသည်ယာဉ်ပေါ်တွင်လိုက်လာသည့် အမျိုးသမီး ၁ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၃၀

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ခရီးသည်ယာဉ်ပေါ်တွင် လိုက်လာသည့် အမျိုးသမီး ၁ ဦးထံမှ စိတ်ကြွရူး သွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေ များနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ် များအား စစ်ဆေး ရှာဖွေစဉ် မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ် တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မအေးစု သယ်ဆောင်လာသည့် လက်ဆွဲ ခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၉၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၉၈.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မအေးစု(၄၃)နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post