မိုးညှင်းမြို့နယ်တွင် ၁၂ ဘီးယာဉ်ပေါ်မှ ကျပ် ၁၆၅၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
PUBLISHED - August 28, 2023
နေပြည်တော်၊ သြဂုတ် ၂၈
မိုးညှင်းမြို့နယ်တွင် ၁၂ ဘီးယာဉ်ပေါ်မှ ငွေကျပ် ၁၆၅၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက် သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေစဉ် မန္တလေးမြို့မှ မိုးညှင်းမြို့ဘက်သို့ ဇော်မျိုးဦး မောင်းနှင်ပြီး ကျော်မင်းထွန်း(ခ)ညိုချော လိုက်ပါလာ သည့် NISSAN အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင် လာသော စက္ကူဂျပ်ဖာများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆.၆ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၅၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၇နာရီ အချိန် အဆိုပါ ဘိန်းဖြူများ သယ်ဆောင်ခိုင်းသူ ဇော်ဇော် ထိုက်(ခ)ဇော်ထိုက်အား မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ လမ်းသွယ် (၁၃)ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဇော်မျိုးဦး(၃၁)နှစ်၊ ကျော်မင်းထွန်း(ခ)ညိုချော(၂၁) နှစ်နှင့် ဇော်ဇော်ထိုက်(ခ)ဇော်ထိုက် (၄၃)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia